Part 1

17.8K 305 3
                                    

Unicode font

ကျွန်တော့်ရဲ့ အပျိုကြီး (My Spinster)
အပိုင်း (၁)

သာယာကြည်လင်တဲ့ကောင်းကင်ပြာပြာအောက် ပန်းရောင်စုံတွေနဲ့လှပနေတဲ့ဥယျာဉ်ကြီးထဲ လိပ်ပြာရောင်စုံတွေလဲ ဝဲပျံလျက်ရှိသည်။ ငှက်ကျေးတို့ရဲ့မြည်သံကလွဲလို့ဘာအသံမှမကြားရတဲ့ ငြိမ်းချမ်းစွာရှိနေသောပန်းခင်းကြီးထဲမှာ သူမတစ်ယောက်တည်း ရှိနေခဲ့တာလား။

တစ်ယောက်တည်းရှိနေလို့ စိုးရိမ်ကြောက်ရွံ့နေရမယ့်အစား အလွန်အင်မတန်သာယာလှပတဲ့ပန်းတွေကို ငေးကြည့်ရင်း စိတ်တွေကအလိုလိုပေါ့ပါးပျော်ရွှင်လာခဲ့သည်။ တစ်ခါမှမရောက်ဖူးတဲ့ ဒီခြံအကျယ်ကြီးထဲ အခြားဘယ်လို ထူးခြားလှပတဲ့အရာတွေများ ထပ်ရှိနေဦးမလဲ။ ကြည်နူးဖွယ်ကောင်းသော လောကကြီးဖြစ်ပေသည်။

မွှေးပျံ့လတ်ဆတ်နဲ့ပန်းရနံ့တွေကို ရှုရှိုက်ရင်း တစ်ယောက်ထဲ လွတ်လပ်ပျော်ရွှင်စွာလမ်းလျှောက်တုန်း မထင်မှတ်ပဲပေါ်လာတဲ့လူတစ်ယောက်နဲ့တိုက်မိသွားကာ ဟန်ချက်ပျက်ပြီး လဲကျမလိုဖြစ်သွားခဲ့သည်။ သို့သော် လဲကျမသွားပဲ အချိန်မှီလက်မောင်းကိုဖမ်းဆွဲကာထိန်းပေးလိုက်သော ထိုလူရဲ့ ရင်ခွင်ထဲကို ရောက်သွားခဲ့သည်။

သူမရဲ့ ကိုယ်လုံးသေးသေးလေးဟာ တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့သူ့ရဲ့ ရင်ခွင်ကျယ်ထဲမှာ နစ်မြှုပ်သွားသလိုပင်။ ဘာလို့ဆက်ပြီး ဖက်ထားပါလိမ့်။ လွှတ်လို့ရနေပြီကို။ ဒါပေမယ့်လဲ သူ့ရဲ့ ရင်ခွင်ထဲရှိနေချိန်မှာ သူမစိတ်ထဲ နွေးထွေးလုံခြုံသလိုခံစားမိပြီး ရုန်းထွက်ဖို့အင်အားပျောက်ဆုံးနေသလိုပင်။

“လက်ထပ်ရအောင်”

ဟင်။ မမျှော်လင့်ထားတဲ့သူ့ရဲ့စကားသံကြောင့် ခုထိမမြင်ဖူးသေးတဲ့ သူ့မျက်နှာကို အလန့်တကြားမော့ကြည့်လိုက်စဉ် “ပကျွတ်” ဆိုတဲ့ မြည်သံနဲ့အတူ လုံးဝမမျှော်လင့်ထားသောအနမ်းတစ်ပွင့် နဖူးပြင်ပေါ်သို့ခြွေချခဲ့သည်။ သူ့အနမ်းကြောင့် ကြက်သီးတွေဖြန်းဖြန်းသွားကာ ယောင်ပြီးမျက်လုံးပိတ်ချလိုက်မိသည်။

3️⃣ ကျွန်တော့်ရဲ့ အပျိုကြီး [ My spinster ]Where stories live. Discover now