Uni
======
#ကျုပ်က ဆရာကြီး
အခန်း ၃၀
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(သဘာဝ၏ နိယာမအား တွေ့ကြုံခံစားခြင်း)ဝမ်ကျင်းအင်မော်တယ် ဓားဂိုဏ်း၏ ကောင်းကင်ထက်တွင် အကြီးအကဲကြီးတစ်ဦးမှာ သူ၏ ခုနှစ်စင်ကြယ် ဓားထက်တွင် ရပ်နေသည်။ သူ့အနောက်ရှိ ဝတ်ရုံ မှာ လေ နှင့် အတူ တဖြတ်ဖြတ် လူးလွန့်နေ၏။
သူ့မျက်နှာထက်တွင် ဝံ့ကြွားသည့် အပြုံးတစ်ခု ရှိကာ အော်ခေါ်လိုက်လေသည်။
ပိုင်ဝူချန်း မင်းရဲ့ မိတ်ဆွေဟောင်းကြီး ရောက်လာပြီ ကျောက်လောင်တု ပြုံးကာ ထွက်ရပ်ပေါက် အဆင့်၏ စွမ်းအား အဆင့်တို့အား ခံစားနေခဲ့၏။ကျောက်လောင်တု မြန်လိုက်တာမင်းအဆင့်တက်သွားပြီလား အားကောင်းသည့် ဓားချီ စွမ်းအား တစ်ခုမှာ ကောင်းကင်ထက် ထိုးတက်လာခဲ့သည်။ ပိုင်ဝူချန်း မှာ ဓားပျံ စီးဆင်းရင်း ကျောက်လောင်တု အရှေ့ ပေါ်လာလေသည်။
ကျင့်ကြံသူများမှာ အသက်ရှည်ကြသည်။ အချိန်တိုဆုံး တံခါးပိတ်ကျင့်ကြံခြင်း ကပင် ဆယ်နှစ်မှ နှစ်တစ်ရာ အထိ ရှိတတ်ကြသည်။ အများစု မှာ အဆင့်တက်ရန်အတွက် တံခါးပိတ်ကျင့်ကြံကြခြင်း ဖြစ်ပြီး ထိုထက်ပင် ကြာနိုင်သေးသည်။
ကျောက်လောင်တု မှာ တစ်လခန့်သာ တံခါးပိတ်ကျင့်ကြံခဲ့ပြီး အဆင့်တက်နိုင်ခဲ့လေသည်။ ကျောက်လောင်တု မုတ်ဆိတ်အား သလိုက်ကာ ပြုံးလိုက်လေသည်။
မင်း နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူးကွာမင်း တောင် တစ်ညတည်း နဲ့ အဆင့်တက်နိုင်ခဲ့တယ် မဟုတ်လား
ဒါက ငါ့ကို ဆရာကြီး ကူညီခဲ့လို့ပါကွာ ပိုင်ဝူချန်း သက်ပြင်းချလိုက်လေသည်။ကျောက်လောင်တု ခေါင်းညိတ်လိုက်လေသည်။
အင်းဆရာကြီးရဲ့ စွမ်းရည်တွေက ငါတို့ထင်ထားတာထက် ကျော်လွန်နေတယ်သူ့ဆီက ဉာဏ်အလင်းသေးသေး တစ်ခုကတောင် ယင်ယန် အဆင့် က ထွက်ရပ်ပေါက်အဆင့်ထိကို ရောက်သွားစေတယ်သူက အင်မော်တယ်တွေ ထက်တောင် သာလွန်နေတာပဲပိုင်ဝူချန်း ၏ အကြည့်များသည်လည်း လေးနက်သွားလေသည်။ သူ လေသံနိမ့်နိမ့်ဖြင့် မေးလာခဲ့၏။
မင်း ဒီနေ့ ဖြစ်သွားတဲ့ မိုးကြိုးတွေကို မြင်ခဲ့လား
ŞİMDİ OKUDUĞUN
ကျုပ်ကဆရာကြီး(1-ongoing)
Macera(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...