LOTS - 0.2

805 82 12
                                    

[Unicode]

ရိပေါ်နန်းတော်အနာက်ဆောင်မှာအကျယ်ချုပ်အနေနဲ့နေရတာ ၅ ရက်ပင်ရှိပြီ။အကျယ်ချုပ်ချခဲ့ရတဲ့အကြောင်းက ယွထနေလို့ဆိုဘဲ။လနတ်ဘုရား လာခေါ်မှာကို ပျော်ရွှင်နေလို့မယ်မယ်ကြီးနဲ့မင်းကြီးက အကျယ်ချုပ်ချထားတာ။

"လနတ်ဘုရား....ခဗျားသာ ဒီကိုလာနိုင်ရင်....ကျနော့်ကိုအဖော်ပြုပေးပါဗျာ.....အခုကျနော့်အဖြစ်ကလေ ဖုန်းလည်းကြည့်လို့မရ.....အိပ်ရင်လည်းသူတောင်းစားသာသာပဲအိပ်ရတယ်.....အခြွေရံလည်းမထားပေး....အစေခံတွေစားတဲ့ဆားမပါတဲ့ဟင်းတွေပဲစားနေရတယ်.......ဟူးးး"

"ခဗျားမလာဘူးလား.....ခဗျားကိုဘယ်လိုပင့်ဖိတ်မှလာမှာလဲ.....ကျနော်ပျင်းလို့သေတော့မယ်ဗျာ....."

ရိပေါ် အိပ်ယာခင်းလေးပေါ် စူပုတ်ပုတ်နဲ့ထိုင်ပြီးတစ်ယောက်ထဲစကားတွေပြောနေမိတယ်။သူသိပ်ပျင်းပါသည် သူဒီကိုမရောက်လာခင် တစ်ခြားကမ္ဘာမှာနေတုန်းက ဘုရာင်တစ်ပါးအလားနေရသည်လေ။အဖေ အမေလုပ်စာထိုင်စားတာတော့မှန်ပေမဲ့ သူကကျောင်းဆရာ။ဝတ္ထုတွေကိုဖတ်ရတာအရမ်းနှစ်သက်တာမို့ LOTS ဆိုတဲ့ဝတ္ထုစာအုပ်တစ်အုပ်ကိုဝယ်ပြီး နေ့နေ့ညညဖတ်ဖြစ်ခဲ့တယ်။BL ဝတ္ထု ဇာတ်ကောင်မှာသူ့နာမည်ပါ ပါနေတာမို့ပိုလို့ပင်အံ့သြသွားရသေးတယ်။အခုတော့ အပြင်ကဝမ်ရိပေါ်ကိုယ်တိုင် သရုပ်လာဆောင်ပြီဟေ့။

"ငါအားနေတယ်လို့မင်းထင်နေလား.....!"

တိတ်ဆိတ်နေတဲ့အဆောင်ငယ်လေးထဲ ယောကျာ်းသားတစ်ယောက်ရဲ့ဒေါသထွက်နေတဲ့အသံဟာ ဟိန်းထွက်လာခဲ့လေသည်။

"မအားလည်း လာပေါ့.....ဘာလဲ....ခဗျားကခဗျားမိဖုရားအယောက်သုံးရာနဲ့ပတ်အိပ်နေလို့မအားတာလား....."

"ငါမိဖုရားများတယ်ဆိုတာ မင်းဘယ်လိုသိတုန်း....!"

"ဘယ်လိုပဲ သိသိပေါ့...."

ရိပေါ်ဝတ္ထုမှာဖတ်ခဲ့ဖူးတယ်။လနတ်ဘုရားမှာ မိဖုရားတွေအများကြီးရှိတယ်တဲ့။အေးပေါ့လေ သောက်ရမ်းချောတော့လည်းမိဖုရားများတာ အဆန်းတော့မဟုတ်ပါဘူး။

"ရေမချိုးတာ ၄ရက်၊ခေါင်းမဖြီးတာ ၅ရက်၊ဝတ်ရုံမလဲတာ၃ရက်....ဝမ်ရိပေါ်....!မင်းတော်တော်ညစ်ပတ်ပါလား....!"

Lengend of the sky [Hiatus]Where stories live. Discover now