Eating is the best

7 1 0
                                    

                       Eating is the best
           
     ကန်တင်းမှာထိုင်တော့ ကျောင်းသားတွေအများစုရဲ့ မျက်လုံးတွေက နွေးတို့ဝိုင်ဆီမှာ
သေချာတာကတော့ သစ်ခတ်ကိုဝိုင်းကြည့်နေကြတာဆိုတာ နွေးရော ယွန်းရောသတိထားမိပါတယ်  
*ယွန်း*    “ခတ် အမနဲ့နေရာလဲရအောင် အမအဲ့ဘက်မှာနေချင်လို့ ”ဒီကောင်မလေးကိုငါ ကာကွယ်ပေးရမယ် ဘာဖြစ်လို့ငါကဒီလိုတွေးမိပါလိမ့် သူကငါ့အမေသူငယ်ချင်းရဲ့သမီးဆိုတော့ ငါ့ညီမလေးလိုဘဲပေါ့ ဟုတ်တယ်အဲ့တော့ငါကာကွယ်ပေးရမယ်လေ
*ခတ်*    “ဟုတ်အမ”

ယွန်းက ခတ်ကို ဘယ်သူမှမမြင်အောင်ကွယ်ပြီးထိုင်နေလို့ နွေးက ယွန်းဘက်ကိုလှမ်းပြီး ဘာလုပ်တာလဲလို့မျက်လုံးပြူးပြတော့ ယွန်းက နွေးလုပ်ပြတာကို မမြင်ချင်ယောင်ဆောင်ပြီးထိုင်နေတယ် ယွန်းဒီနေ့ထူးဆန်းနေတယ်
* un *    “ကျွန်တော်ဒီမှာထိုင်လို့ရမလား ”
*နွေး*    “ဟုတ်ထိုင်ပါ ” သူက သုံးယောက်လုံးကိုမေးတာဆိုပေမဲ့ ယွန်းကဖြေမှာမဟုတ်ဘူးဆိုတာကို နွေးအလိုလိုတော့သိနေတယ်
သူ့ကိုထိုင်ပါလို့ လည်းပြောလိုက်တော့ နွေးကိုယွန်းက စူးစိုက်ပြီးလာကြည့်နေတယ်
*un*     “ ယွန်းက ကျွန်တော်လာထိုင်တာကို မကြိုက်ဘူးလား
ကျွန်တော်က ယွန်းကိုတွေချင်လို့လာထိုင်တာကို”
*ယွန်း*    “ယွန်းက မကြိုက်လည်း ထိုင်မှာဘဲမလား”
*နွေး*    “ယွန်းမ 'ထက်'ကို ဘယ်လိုပြောလိုက်တာလဲ အားနာရအောင် ”
ယွန်း နဲ့ ထက်လရိပ်တို့က စေ့စပ်ထားကြတာလေ သူက ယွန်းကြောင့်ဘဲ uniပြောင်းလာတာ ယွန်းကတော့ မကြိုက်ပေမဲ့ ထက်လရိပ်ကတော့ ယွန်းမှယွန်း နွေးကလည်း သူတို့နှစ်ယောက်ကို သဘောတူပါတယ် ယွန်းဘက်က ခါးခါးသီးသီးဖြစ်နေတာ တကယ်တော့ ငယ်ငယ်ကဆို ယွန်းက ထက်လရိပ်ကို တစ်ဖက်သတ်တောင်သဘောကျနေသေးတယ် uniရောက်မှ သူ့ကို ခါးခါးသီးသီး ဖြစ်သွားတာနွေးမေးကြည့်တော့လည်း မဖြေတော့လို့ ယွန်းလည်း မမေးဖြစ်တော့တာ သူကတော့ ယွန်းအပေါ်ကောင်းပါတယ်
*နွေး*     “အော် မနွေးကဘဲ ခတ်နဲ့မိတ်ဆက်ပေးဦးမယ် ဒါက ထက်လရိပ်တဲ့ နွေးတို့နဲ့တော့ yearအတူတူဘဲ  ထက် ဒါက သစ်ခတ်တဲ့ ဂျူနီယာလေး”
*ခတ်*    “အော် ဟုတ် နောက်လိုအပ်တာရှိရင်လည်း သင်ပြပေးပါဦး”ပုံစံကြည့်ရတာ မယွန်းကိုကြိုက်နေတာနဲ့တူတယ်
*ထက်*    “ပုံစံကြည့်ရတာ ညဏ်ထက်မဲ့ပုံစံလေးဆိုတော့ သငပြစရာမလိုလောက်ပါဘူး ယွန်းကိုခင်သလို ကျွန်တော့ကိုလည်းခင်လို့ရပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် နဲ့ ယွန်းနဲ့က စေ့စပ်......”
*ယွန်း*    “နင့်ကိုဘယ်သူကမေးလို့ အပိုတွေကိုပြောနေတာလဲ ဗိုက်ဆာလို့ ကန်တင်းလာတာ နင့်မျက်နှာမြင်ရုံနဲ့ ငါစိတ်ပျက်တယ် ”
*ထက်*   “.....”
*နွေး*    “မှာစရာရှိတာမှာရအောင်လေ”နွေးကဘဲ ဒီရန်ပွဲကို အဆုံးသတ်ပေးရတော့မှာပေါ့ မဟုတ်ရင် မလွယ်ဘူး
*ယွန်း*   “တော်ပြီ ငါ့အခန်းကိုဘဲပြန်တော့မယ် မစားတော့ဘူ”
*နွေး*   “နင် ထက်မကို အားမနာရင်တောင် ခတ်ကိုအားနာဦးလေ သူက အခုမှ ကန်တင်းကိုရောက်ဖူးတာ”နွေးသူ့နားလေးကို ကပ်ပီး တိုးတိုးလေးပြောလိုက်ရတယ်
*ထက်*    “ရပါတယ် ယွန်းအဆင်မပြေမှတော့  ကျွန်တော်ဘဲထွက်သွားပေးပါ့မယ်”
*ယွန်း*   “ပိုကောင်းသွားတာပေါ့”
*နွေး*    “နင်ပြောလေဆိုးလေဘဲ”ယွန်းကပြောလိုက်တော့ ထက်က မျက်နှာလေးငယ်ငယ်နဲ့ ထထွက်သွားတယ် ခတ်ကတော့ဘာမှနားမလည်တဲ့ ကလေးကလေးအတိုင်းဘဲ အဖြစ်အပျက်အကုန်လုန်းကို ကြောင်ပြီးကြည့်နေတယ်လေ

When I know YouWhere stories live. Discover now