Date With me

2K 189 31
                                    

Unicode;

ကိုရီးယားနိုင်ငံရဲ့သိပ်ကိုလှပတဲ့ Bantang University ကျောင်းတော်ကြီးထဲကို နက်ပြာရောင်ပြိုင်ကားလေးတစ်စီးဟာတစ်ဟုန်တိုးမောင်းနှင်လာလေသည်… ထိုကားဝင်လာတာနှင့် ကျောင်းထဲကအချောအလှတွေအပြင် တခြားကျောင်းကအလှလေးတွေကပါအသဲစွဲကြရဲ့တဲ့အထိ  ထိုကားပိုင်ရှင်ဟာဆွဲ‌ဆောင်မှုရှိပြီး ချောလွန်းသည့်ကျောင်းရဲ့အချောဆုံးစားရင်ဝင်တစ်ယောက်ဖြစ်သည်မှာမမှားပေ...

ထို့ပြင်နက်မှောင်ပြီး အနည်းငယ်ရှည်နေသည့်ဆံသားတစ်ချို့ကိုနဖူး‌ ပေါ်သပ်တင်ထားကာ အညိုရောင် Jacket နှင့် အနက်ရောင်ဘောင်းဘီကိုဝတ်ဆင်ထားသည့်ထိုလူနာမည်ဟာ~

"Kim Taehyung...."

Girl;“Tae Tae လာပြီဟေ့!”

Girl;“Taehyung Naa... Saranghaeyo”

Girl;“Uri Taehyung ကတစ်နေ့တစ်နေ့ပိုပိုချောလာလိုက်တာဟယ် "

Girl;Taehyung Naa..ဒီတစ်ခါတော့ ဒါလေးတွေယူပါနော်

Taehyung Naa...

.....

Taehyung ကားပေါ်ကနေဆင်းပြီး Canteen ကိုဝင်လိုက်တာနဲ့အနောက်ကနေလိုက်လာသည့် လူတစ်အုပ်ဟာလည်းစည်းကားနေသည်....ဘော်ဒါတွေတွေ့တာကြောင့် ထိုဝိုင်းမှာဝင်ထိုင်လိုက်သည်...

Girl; Taehyung Naa ငါနင်တို့ဝိုင်းကိုဒီနေ့ဝယ် ကျွေးမယ်နော်...

ငါ့မှာအပေါဆုံးကပိုက်ဆံပဲ လစ်လိုက်တော့

ဒါတွေကကင်ထယ်ယောင်းတို့နေ့စဥ်ကြုံ‌တွေ့နေကျဖြစ်စဥ်‌တွေပါပဲ...သူ့ကိုပိုးပန်းကာပေးကြသည့်မုန့်တွေလက်ဆောင်တွေဆိုတာကလည်း ဆိုင်ပြန်ဖွင့်လို့တောင်ရသည်....

သူဘက်ကဘယ်လောက်‌ချေချေ ဘယ်လောက်ထွက်သွားပြီး အပေါက်ဆိုးဆိုးပြောပြော နောက်ရက်ပြန်ရောက်လာတဲ့မိန်းကလေးတွေကိုလည်း သိပ်အံ့ဩသည် သူ့လိုပဲတော်တော်ဇွဲကြီးတဲ့ဟာလေးတွေပါလေ...

Taehyung;"ဂျောင်းကြတော့ နောက်တစ်ခါဆို ငါအကုန်လုံးကို ဆွဲထိုးမှာနော်  လစ်ကြ..."

ဒီလိုနဲ့ပဲ သူငယ်ချင်းဖြစ်သူမကြည့်ရက်တော့တာကြောင့် Namjoonတစ်ယောက်မနေနိုင်စွာဖြင့်ပြောလိုက်တော့သည်...

You've reached the end of published parts.

⏰ Last updated: May 13, 2023 ⏰

Add this story to your Library to get notified about new parts!

Taejin Love Shot❣️Where stories live. Discover now