ဝမ်ရိပေါ် အိမ်ပြန်နောက်ကျတာနှစ်ရက်ရှိပြီ..စုံစမ်းကြည့်တော့ ပြိုင်ပွဲတစ်ခုအတွက် အကလေ့ကျင့်နေတာတဲ့... ရှောင်ကျန့်မနိုးခင်ထတယ် ရှောင်ကျန့်အိပ်ပျော်မှပြန်ရောက်တယ်..ဝန်ကြီးချုပ်ထက်တောင် အလုပ်များတဲ့ဒီကောင်လေးကို တစ်ခုခုဖြစ်မှာသူစိုးရိမ်တယ် အစားကောကောင်းကောင်းစားရဲ့လား ဆိုတာ..
ဒါကြောင့်ရှောင်ကျန့်ဒီနေ့ သူမနိုးခင်ထလိုက်တယ်....ရိပေါ်က နိုးလာတာနဲ့ ရေချိုးပြီးအပြင်ထွက်ရန်ပြင်ဆင်တော့တယ်။ ."ရိပေါ် ငါမင်းကိုပြောချင်တာရှိတယ်"
ရိပေါ်ကပေစောင်းစောင်းနဲ့ လှည့်ကြည့်တယ်..
"ထမင်းကို ပုံမှန်စား"
ရိပေါ်က ဘာမှမပြောပဲထွက်သွားတယ်...
-------ရိပေါ်အကကိုအာရုံစိုက်ကာလေ့ကျင့်နေစဉ် ကြားလိုက်ရတဲ့အသံကြောင့် ကတာကိုခနရပ်လိုက်တယ်...
"ဝါး ဝန်ကြီးချုပ်တဲ့ ချောချက်ပဲ မော်ဒယ်တွေထက်တောင်ပေါ်ပြုလာဖြစ်သေးတယ် ယောက်ျားချင်းတောင်ကြွေတယ်"
"လုပ်လိုက်ရရင်တော့ကွာ ရှလွတ်"
"ဟား ဟား ဟား မင်းကတော့ ကွေးပါကွေးသွားပြီလား"
ထိုစဉ်တောက် ခေါက်ကာထွက်သွားတဲ့ရိပေါ်ကြောင့် အားလုံးတိတ်သွားတယ်...
"ဘာဖြစ်တာလဲ ပြန်သွားပြီလား"
"ဘာဖြစ်သွားလဲမသိဘူး"
----
ရှောင်ကျန့် စာကြည့်ခန်းထဲမှာအလုပ်လုပ်နေရင်း ကားသံကြားလို့ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တယ်.."ဒီနေ့အစောကြီးပဲ"
မကြာပါဘူး စာကြည့်ခန်းကိုလာထုတော့တယ်...
YOU ARE READING
Rough! 🔞(Completed)