Part 14(uni/zawgyi)

415 34 17
                                    

Unicode








ထိုနေ့က အိမ်တစ်အိမ်ထဲမှာပဲ
ကြည်နူးနေတဲ့အချစ်ငှက်ကလေးနှစ်ကောင်ရှိသလို
နှလုံးရောဂါရှိနေတာတောင်သတိလစ်မတက် ငိုရှိုက်နေတဲ့ကောင်လေးတစ်ယောက်လဲရှိသတဲ့ကွယ်

ညနေထိတောင်ဆင်းမလာတဲ့ကိုကိုဟာသိပ်ကိုဆိုးလွန်းပါတယ်
အရင်တုန်းက ငယ့်နားမှာပဲနေချင်တာငယ်ကခွာချရင်တောင်အတင်းကပ်နေမှာပါဆိုတဲ့သူက ခွာမချပဲဝေးဝေးပြေးပါတယ် ချစ်ခြင်းတွေက ကြာလာရင်အေးစက်သွားတက်တာလား
ဒါမှမဟုတ် ကိုကို့အချစ်တွေကမစစ်မှန်တာလားဆိုတာတော့ ကျတော်မစဥ်းစားတက်တော့ပါဘူးဗျာ

ကျတော်လွှတ်ချသင့်နေပြီလား
ဟင့်အင်း ကျတော်မှမလုပ်နိုင်တာ
ကိုကိုမရှိဘဲကျတော်မနေနိုင်တာမို့ကိုကိုပေးတဲ့အရာတွေကနာကျင်မှုတွေဆိုရင်တောင် ကျတော်ကအမြတ်တနိုးထွေးပွေ့ထားဦးမှာလေ

duu duu duu

အတွေးကမ္ဘာထဲရောက်နေတဲ့ ရိပေါ်ဖုန်းသံကြားမှသတိပြန်ဝင်လာတယ်

" hello "

"hello ဝမ်လေးလား"

"အော်ဟုတ် ရှင်းဝူကော"

" ကို ခနနေ အပြင်သွားချင်လို့ ဝမ်လေးလိုက်ခဲ့ပေးပါလား"

"ဟုတ် ရတယ်လေကော"

"အင်း ဝမ်လေးနေကောင်းအောင်နေနော် ဟိုတစ်နေ့က ဝမ်လေးကိုကြည့်ရတာကောအားမရဘူး"

"ဟုတ်ကျတော်နေကောင်းပါတယ်ကောရဲ့ စိတ်မပူနဲ့နော်"

"ဟုပါပြီ အာ့ဆို ကောဖုန်းချလိုက်တော့မယ်နော် ဝမ်လေး"

သူမျက်ရည်တွေသုတ်ပြီး ရေချိုးဖို့ တက်လာခဲ့တယ်
သူတို့အခန်းနားရောက်တော့
ချစ်ကြည်နူးနေတဲ့အသံတစ်ချို့ကြောင့်တစ်ခါးဖွင့်မည့် လက်ကလေးဟာ လေပေါ်မှာပဲရပ်တန့်သွားရတယ်

သက်ပြင်းအသာချလိုက်ပြီးအောက်ထပ်က အခန်းမှပဲရေချိုးလိုက်တယ်

ခနနေတော့မှ ရှင်းဝူကောရောက်လာတယ်
"ဟော ဝမ်လေးက အဆင်သင့်တောင်ဖြစ်နေပြီပေါ့"

"ဟုတ်ကော သွားရအောင်လေ"

အာ့အချိန်မှာပဲ
ကိုကိုတို့ အပေါ်ကဆင်းလာကြတယ်
သူမက ကိုကိုရဲ့လက်မောင်းကိုချိတ်ပြီး စကားတွေပြောနေတယ်

တကယ်လို့Where stories live. Discover now