Episode 7 : : If only I could, I'd want to fill my everyday just with you.
.........................
ပုံမှန် မနက်ခင်းတစ်ခု ဟု ထင်မှတ် ယုံစားပြီး ခါတိုင်းရက်တွေနီးတူ ကုတင်ပေါ်ကနေ ဖျတ်ဖျတ်လတ်လတ် ကုန်းထလိုက်သော်လည်း ...၊
" အားး။ ငါ့ ခါးးး။ "
ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်သံနှင့်အတူ ခါးကို ဖိလျက် ပက်လက်သာ ပြန်လဲသွားသည်။
ပုံပျက်ပန်းပျက် ပက်လက် ပြန်လဲသည်မို့ ခေါင်းအုံးဆီတောင် ခေါင်းက တည့်တည့်မတ်မတ် မရောက်။ ကျောနောက်ထဲ လက်လျှိုထည့်ပြီး ခါးကြောတစ်လျှောက်ကို လိုက်လံ ထိုးဖိကြည့်ရာမှ တင်ပါးဆုံရိုးနား ရောက်သည့်အခါ နာကျင်မှုက ပိုပြင်းထန်လာတဲ့အတွက် မျက်နှာတစ်ခုလုံး ရှုံ့မဲ့လာရသည်။
" မနေ့ညက ဘာတွေဖြစ်ခဲ့လို့လဲ။ "
အိပ်ရာပေါ်ကနေတောင် လွယ်လွယ်ကူကူ ထမလာနိုင်လောက်သည်အထိ ဘာတွေများ ဆိုးဆိုးရွားရွား ထိခိုက်သွားသလဲလို့ ကျွန်တော် ပြန်တွေးကြည့်ပေမယ့် ဦးနှောက်ထဲမှာ အရာအားလုံးက မွစာကြဲစွာ ရှုပ်ယှက်ခတ်နေသည်။ သူငယ်ချင်းတွေကို ဟိုကောင်လေးအဖေရဲ့ ကြက်ကြော်ဆိုင် ခေါ်သွားပြီး ဆိုဂျူတွေ သောက်ဖြစ်ကြတာအထိ မှတ်မိပေမယ့် အဲဒီနောက်ပိုင်းကိစ္စတွေက ကျွန်တော့်မှတ်ဉာဏ်ထဲ ဝေဝေဝါးဝါးပဲ။
" ဟေ့။ Ah-young။ "
ထမင်းစားခန်းထဲမှာ Collagen တစ်ခွက် သောက်ရင်း ပေါင်မုန့်ကြမ်း စားနေသော Ah-young အနီး တိုးကပ်လာလျက် ကျွန်တော် အသံပြုမိသည်။ ကျွန်တော့် လက်ရှိ ပုံစံက ခါးကိုင်းနေတဲ့ ချည့်နဲ့နဲ့ အဘိုးအိုကြီးလိုပဲ။ အပေါ်ထပ်လှေကားကနေ ဒီအောက်ကို ဆင်းလာဖို့တောင် ဆယ့်ငါးမိနစ်လောက် အချိန်ယူခဲ့ရသည့်အဖြစ်။ အောက် ရောက်လာတော့လည်း လမ်း အေးအေးဆေးဆေး မလျှောက်နိုင်။ ဘေးမှာ လှမ်းတွေ့သမျှ စားပွဲဘောင်၊ ဗီဒိုဘောင်တွေကို အမှီပြု ကိုင်တွယ်ပြီး တစ်လှမ်းချင်း ခပ်ဖြည်းဖြည်း ရွေ့လျှားနေရသည်။
" အမူးသမား။ နိုးပြီလား။ "
" အေး။ ငါ မနေ့က အိမ်ကို ဘယ်လိုပြန်ရောက်လာလဲ။ "
YOU ARE READING
Less Ice, More Sugar - Side Story (Completed)
Fanfictionso, how do you define "love" ?