PART 19(Z+U)

2K 167 22
                                    

Zawgyi

"လူငယ်တစ်ယောက်နှင့်အတူဖြတ်သန်းရသည့်
ထူးဆန်းသောနံနက်ခင်း"

ညဘက်ဘယ်လောက်နောက်ကျမှအိပ်အိပ် မနက်ဆိုအကျင့်သားရနေပြီမို့ (၆)နာရီဆိုတာနဲ့ ရှန်းမှာ အလိုလိုနိုးလာပြီ။

မျက်လုံးဖွင့်တာနဲ့ သူမြင်နေကျဖြစ်သည့် အဖြူ ရောင်မျက်နှာကျက်က မပြောင်းလဲ။
ထူးဆန်းသည်က အိပ်ရင်စောင်မကပ်သည့်သူက အခုစောင်မြဲနေသည်မှာ ပခုံးအထိဖုံးထားလျက်သား။

ဒါ့အပြင် ဗိုက်ထဲကနာနေတာမျိုးမရှိတော့ပေမယ့် ဗိုက်ကိုတစ်ခုခုကဖိထားသလိုမျိုး လေးလေးကြီးဖြစ်နေတာမို့ ရှန်းက နည်းနည်းတော့ရှုံ့မဲ့မိသွားလေသည်။

"ဟေး!"

မျက်လုံးဖွင့်လျက်သားနှင့် ငြိမ်ပြီးအတွေးများနေသော ရှန်းမှာခေါင်းကိုဘေးဘက်စောင်းကြည့်လိုက်ချိန်တွင် လန့်ကာအော်မိသွားပြီး ကိုယ်ကိုဘေးကိုချက်ချင်းရွှေ့လိုက်မိကာ သူ၏မှေးနေသည့်မျက်လုံးများပင်ကျယ်သွားလေသည်။

အကြောင်းမှာ သူ၏နားရွက်နားတွင်ကပ်နေသော မျက်နှာတစ်ခုကို အနီးကပ်ကြီးရုတ်တရက်မြင်လိုက်ရသောကြောင့်ပင်။

ဘယ်တုန်းကမှ အိပ်ရာနိုးနိုးချင်း လူတစ်ယောက်ရဲ့မျက်နှာကို တန်းမမြင်ခဲ့ဖူးတာကြောင့်လည်းပါမည်။ သည့်အပြင် သူတို့နှစ်ယောက်စလုံးက စောင်တစ်ထည်တည်းကိုအတူတူခြုံထားပြီး ခေါင်းကလေးတွေပဲပေါ်သည်လေ။

"အစ်ကို ဘာဖြစ်လို့လဲ ဘယ်နားနာလို့လဲ"

ရှန်း၏အသံကြောင့် မင်းအဏ္ဏဝါက အအိပ်ဆတ်စွာပဲ နိုးလာပြီးထထိုင်ကာ စိတ်ပူပူနဲ့မေးလာ၏။ သို့သော် သူ့မျက်လုံးများကိုမနည်းကျားကန်ပြီး ဖွင့်ထားရသလိုမျိုး အိပ်ချင်မူးတူးရုပ်ဖြစ်လို့နေ၏။

"ဒီလောက်အိပ်ရာကျယ်တာ ဟိုဘက်တိုးအိပ်ပါလား"

ရှန်းက မင်းအဏ္ဏဝါ၏အနောက်ဘက်ကို မေးငေါ့ပြ၏။

"My Only One" ✔️Where stories live. Discover now