PART 20(Z+U)

2K 160 11
                                    

Zawgyi

"သတိမရချင်ယောင်ဆောင်ရင်
ပိုလွမ်းတတ်သလား"

ဟိုတယ်သစ် ဆောက်ရန်အတွက် ရှယ်ယာရှင်တွေနဲ့အစည်းအဝေးလုပ်ပြီးသည့်နောက် ရှန်းမှာအတော်ကို စိတ်ပင်ပန်းသွားပုံပေါ်သည်။ အစည်းအဝေးခန်းထဲက မထွက်နိုင်သေးဘဲ စားပွဲတွင်ထိုင်ကာ မျက်လုံးကိုခဏမှိတ်ထားလေသည်။

"ဦးသန်းလွင်က ဘာအကြောင်းပြန်လဲ"

ရှန်းက စားပွဲပေါ်လက်ညှိုးလေး တတောက်တောက်ခေါက်ရင်း စားပွဲ၏ညာဘက်ခြမ်းတွင်ထိုင်နေသော စံစံကိုမေးလိုက်သည်။

"အဲ့ဒီအကွက်အတွက် သူက စရန်ပေးထားပြီးသားမို့ လွယ်လွယ်မပေးနိုင်ဘူးလို့ပြောလာတယ် ဘော့စ်"

"ကျစ်! သူပြောထားတာထက် နှစ်ဆပိုပေးမယ်လို့ မညှိခဲ့ဘူးလား"

"ဘော့စ်ကိုယ်တိုင်လာညှိမှ စဉ်းစားပေးမယ်လို့ပြောတယ်...မက်လောက်စရာဈေးပေးနေတာတောင် အဲ့လူကသက်သက်ညစ်နေတာ"

စံစံက မကျေမချမ်းနှင့် ကိုင်ထားသည့်စာရွက်များကိုပင် စားပွဲပေါ်ကိုဆောင့်ချလိုက်ပြီး

"ရှေ့နေတွေကိုခေါ်သွားပြီး တစ်ခါတည်းရှင်းလိုက်ရတော့မလား ဘော့စ်"

စိတ်မရှည်တတ်မှုတို့က သူဌေးဆီမှ အတွင်းရေးမှူးဆီသို့ ဓာတ်ကူးတတ်သည့်သဘော ရှိပုံပင်။

ဟိုတယ်အသစ်အတွက် မြေကွက်တွေကိုလိုက်ရှာတော့ လုံးဝအချက်အချာကျသည့် အကွက်ကို သူတို့ရှာတွေ့ခဲ့ပေမယ့် ရက်အနည်းငယ်နောက်ကျသွားခဲ့လို့ အဲ့အကွက်က သူများလက်ဦးပြီးသားဖြစ်နေခဲ့သည်။
ဒါပေမယ့် စရန်ချထားရုံသာရှိသေးတာမို့ မရရအောင်ဝယ်ဖို့ဆုံးဖြတ်ထားပြီးသား။
ထိုသူတွေက လုပ်ငန်းတွေမစနိုင်သေးဘဲရှိနေတုန်းမို့ သူ့ဘက်က ရအောင်လိုက်နေခြင်းသာ။

ရေရှည်အကျိုးကိုမြင်ထားလို့ပဲလား... အရမ်းလိုချင်နေသူက သူဌေးရှန်းဖြစ်နေလို့ အခွင့်ကြုံတုန်းလေး အနိုင်မှတ် လိုချင်နေတာပဲလား... စံစံနဲ့ တာဝန်ခံတို့ နှစ်ကြိမ်တောင် သွားညှိခဲ့ပေမယ့်လည်း ဟိုဘက်က လက်မလျှော့ပေး။

"My Only One" ✔️Where stories live. Discover now