ရှောင်ကျန့် ခင်ဗျားကိုနာကျင်အောင် လုပ်ချင်တာ..ဒါပေမယ့်အခုနည်းလမ်းကမထိရောက်ဘူး ထင်တယ် ငါဆိုးတာကိုခင်ဗျားဘယ်လောက်ခံနိုင်ရည်ရှိမလဲကြည့်ရသေးတာပေါ...ငါ့ပြိုင်ပွဲပြီးတာနဲ့ ခင်ဗျားကိုနေ့နေ့ညည စိတ်ရောကိုယ်ပါနှိပ်စက်ပြမယ်..
----
"Boss ဒီနေ့ရုံးသွားရမယ် သတင်းစာရှင်းလင်းပွဲရှိတယ်""ငါသိပြီ ပြီးတော့ဘာရှိသေးလဲ"
"ဒီနေ့အတွက်ဘာမှမရှိတော့ဘူး မနက်ဖြန်တော့ သမ္မတကြီးနဲ့တွေ့ဖို့ရှိတယ်"
"ကောင်းပြီ"
Suit အနက်ရောင်လေးနဲ့ ဆံပင်လေးကိုလှန်ဖြီးထားတဲ့ Bossကအရမ်းခန့်ညားတယ် ခြေတံရှည်ကြီးကို တစ်လှမ်းချင်းကြွကြွလေးလျှောက်နေပုံက အဖိုးတန်လှတယ် ယောက်ျားချင်းတောင်ငေးကြည့်ရလောက်အောင် ချောမောတယ်...
----
ဝမ်ရိပေါ်အကကို အဖွဲနဲ့အာရုံစိုက်လေ့ကျင့်နေစဉ် ဂျူနီယာကောင်မလေးတစ်ယောက်က...."ဝမ် lao shi အချိန်နာရီဝက်လောက်ပေးပါလား"
"ဘာအတွက်လဲ "
"ဟို ဗိုက်ဆာလို့"
"အင်း"
"ဟေ..ကောင်မရေလုပ်လိုက်တော့"
မိန်းကလေးတွေက TVကိုပြေးဖွင့်ကြတယ်.
"ဟဲ့သေချာပါတယ်နော် ဆရာကအချိန်ထပ်ပေးမှာမဟုတ်ဘူး""သေချာတယ် ဝန်ကြီးချုပ်ရှောင်းရဲ့ liveက ၁နာရီ"
"သူဘာပြောမှာလဲ"
"စိတ်မဝင်စားဘူး သူ့ကိုပဲကြည့်မာဟိဟိ"
"ဟဲ့ လာပြီ အိုစ် ချောလိုက်တာ"
"ခန့်ညားနေမှုကြီးက တစ်သန်း"
ဝမရိပေါ် TVကိုလှမ်းကြည့်လိုက်ပြီး ရီမုကိုယူကာ ပိတ်ပစ်လိုက်တယ်
"ဆရာ"
"ပြန်စမယ်"
ကောင်မလေးတွေလဲ မပြောရဲသဖြင့်အကကိုသာဆက်လေ့ကျင့်နေကြတယ်....
------
"ဆရာဒီနေ့ ဒီနေ့အချိန်ပိုမလေ့ကျင့်ဘူးလား""အင်း....."
ဝမ်ရိပေါ်ထွက်သွားတော့...
"ဟူး....ငါလဲ တနေ့တနေ့ အသက်တောင်မရှုရဲဘူး"
YOU ARE READING
Rough! 🔞(Completed)