Uni Ver
(1)ဘဝဇာတ်ကြောင်း
အဆင့်မြင့်ဟိုတယ်ခန်းအတွင်း
"အား...နာ...နာတယ်"
"အား......."
ပြန့်ကျဲနေတဲ့အကျ်ီတွေနဲ့ကုတင်ပေါ်မှာဆက်နွယ်နေတဲ့ခန္ဓာကိုယ်နှစ်ခုဆေးမိထားတဲ့အမျိုးသားရဲ့ရမက်ဇောတွေနဲ့အတူသူ့အောက်ကမိန်းကလေး....
မပြည့်နိုင်တဲ့ဆန္ဒတွေနဲ့၃ကြိမ်မြောက်မှာပြီးမြောက်သွားခဲ့ကြတယ်မနက်၃နာရီအချိန်:
ပိုးပိုးသူမမျက်လုံးကိုဖွင့်လိုက်ချိန်မှာမူးဝေမှုတစ်ခုကိုခံစားလိုက်ရတယ်'ငါဘယ်ကိုရောက်နေတာလဲငါဆေးရုံမှာရှိနေတာမဟုတ်ဘူးလားပြီးတော့ဒါငါ့အခန်းလဲမဟုတ်ပါဘူး'
သူမထိုင်လိုက်ချိန်မှာရင်းနှီးနေတဲ့အောက်ပိုင်းဆီကနာကျင်မှုကိုခံစားလိုက်ရတယ်
'ငါဘာဖြစ်တာလဲဟဟမ်ငါ့အကျီလဲမဝတ်ထားဘူးဘာတွေဖြစ်နေတာလဲ'
ဘေးဘက်ကိုကြည့်လိုက်တော့မှောက်လျက်အိပ်
ပျော်နေတဲ့ယောကျ်ားတစ်ယောက်သူမသေချာ
ကြည့်မှအဲ့လူက ရှားမှုးစစ်ဖြစ်နေတယ်'ဘာတွေဖြစ်နေတာလဲဒါနဲ့နေပါအုံးငါဒီအခန်းကိုရင်းနှီးနေတယ်'
နာနေတဲ့ဟာကိုလစ်လျူရှုပြီးမှန်ရှေ့သွားရပ်လိုက်တော့သူမလန့်သွားတယ် ဒါကဘယ်လိုလုပ်ပြီး
သူမအခုတော့သိသွားပြီ သူမကိုဘုရားသခင်ကအ
ခွင့်အရေးပေးခဲ့တယ်
သူမအခုကလွန်ခဲ့တဲ့၇နှစ်ကိုပြန်ရောက်လာတာပဲ
ကုတင်ပေါ်ကသူကိုလှမ်းကြည့်ပြီးတွေးနေမိတယ်ရှားမှူးစစ်
S.H(star high)Group ရဲ့သားငယ်
အသက်၂၁ ၊ စီးပွါးရေးတက္ကသိုလ်နောက်ဆုံးနှစ်၊
အရပ်၆' ၂"နဲ့လိုက်ဖက်တဲ့ခန္ဓာကိုယ်တည်ဆောက်ပုံ၊
စူးရှတဲ့မျက်လုံးနဲ့အသားလတ်တဲ့သူ မိန်းကလေးတွေဖြစ်စေချင်တဲ့အနာဂတ်ခင်ပွန်းပုံစံပြီးတော့
သူမရဲ့အချစ်ဦးသူမနာမည်က ပိုးပိုးမြတ်
Golden ဆောက်လုပ်ရေးရဲ့သမီးကြီး
မွေးအမေကသူမ၃နှစ်မှာဆုံးသွားခဲ့တယ်သူမအ
သက်၄နှစ်မှာအမေအသစ်နဲ့မောင်လေးရခဲ့တယ်
သူမအသက်က၂၀၊စီးပွါးရေးတက္ကသိုလ်တတိယနှစ်
အရပ်၅'၆"၊ခါးထိရောက်တဲ့ဆံပင်နဲ့ရှမ်းစပ်မို့ဖြူတဲ့အသားကလွဲရင်ကျန်တာသာမှန်မျှပေါ့
အသက်၁၆နှစ်မှာတက်ခဲ့ရတဲ့ပွဲမှာရှားမှူးစစ်ကိုချစ်ခဲ့မိတယ်
အရင်ဘဝမှာကိုယ့်ကိုအဖတ်မလုပ်တဲ့သူ့ကိုဆေး
ခပ်ပြီးတာဝန်ယူစေခဲ့တယ် သူကတော့ရွံမုန်းတဲ့အကြည့်တွေနဲ့အိမ်ရဲ့စီးပွါးရေးကိုအောက်ထိ
ရောက်အောင်လုပ်ခဲ့တယ်
ပတ်ဝန်းကျင်ရဲ့လှောင်ပြောင်မှုတွေစော်ကားမှုတွေကိုမခံချင်လို့ချမ်းသာတဲ့သူကိုအမိဖမ်းယူခဲ့တယ်
အိမ်ထောင်သက်၃နှစ်မှာကိုယ့်ဘဝကိုသိခဲ့တယ်
ဖောက်ပြန်တဲ့ယောကျ်ားနဲ့သစ္စာမရှိတဲ့သူငယ်ချင်း
အဖေကိုဆုံးရှုံးခဲ့တယ်မုန်းခဲ့မိတဲ့မိထွေးကသူမကိုကာကွယ်ရင်းသေခဲ့ရသလိုသူမလဲကိုမာဖြစ်သွားခဲ့တယ်
ဘဝကြီးကဘယ်လောက်တောင်ရယ်စရာကောင်း
လိုက်သလဲသူမချစ်တဲ့သူတွေကတစ်ခါမှလာမတွေ့သလိုသူမမုန်းခဲ့တဲ့မောင်လေးကတော့နေ့တိုင်းလာပြုစုခဲ့တယ်
YOU ARE READING
မေ့မရနိုင်သူ
Romanceသစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာပေါ့... သစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာတော့.......