ကျွန်တော်ရှေ့မှာ ရှိနေတဲ့ ဝေယံကတော့ ငိုတော့မလို မျက်နှာထားနဲ့၊ ခေါင်းငုံံ့ပြီး လက်ကို နောက်ပစ်ထားတယ်။ အဲ့လိုမျိုး အခြေအနေတွေမှာဆိုရင်တော့ ကျွန်တော်ဟာ ကိုယ့်အလုပ်ကိုကိုယ် မုန်းတီးမိတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဟာ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ကိုယ်လုပ်စရာ ရှိတာကိုတော့ လုပ်ရမှာဘဲ။ ကျွန်တော်မှ မလုပ်ရင် ဘယ်သူလုပ်မလဲ ။ ကျွန်တော့်လို ၂၅ နှစ်လောက်မှာ အောင်မြင်နေတဲ့ ကုမ္မဏီတစ်ခုကို ပိုင်ဆိုင်မထားရင် ခု ကျွန်တော်ရင်ဆိုင်နေရတဲ့ ဖိအားတွေကို နားလည်မယ် မထင်ဘူး။
ကျွန်တော်က ကြော်ငြာကုမ္မဏီတစ်ခုရဲ့ CEO ပါ။ ခင်ဗျားတို့ အလုပ်ကိုသွားတဲ့ လမ်းတလျှောက်က ကြော်ငြာဆိုင်းဘုတ်တွေ၊ မဂ္ဂဇင်းတွေမှာ တွေ့ရတဲ့ ကြော်ငြာတွေ ၊တီဗီတွေမှာတွေ့ရတဲ့ ကြော်ငြာတွေ အဆုံး ၊ တော်တော်များများက ကျွန်တော် လုပ်ခဲ့တာ ချည်းဘဲ ။
ကြော်ငြာတွေက အရေးမပါဘူးလို့ ခင်ဗျားတို့ ထင်ကောင်း ထင်နေလိမ့်မယ် ။ အဲ့လိုသာ အရေးမပါဘူးဆိုရင် ကျွန်တော်လည်း ဒီနေ့ သိန်းချီ ဆုံးရှူံးနေမှာ မဟုတ်ဘူး။ ၇ ရက်နေ့မှာ လုပ်မယ့်ပွဲတစ်ခုအတွက် ကြော်ငြာစပွန်စာ ကိစ္စ စကားပြောဖို့ ကုမ္မဏီတစ်ခုနဲ့ ချိန်းထားပေးရမယ့်ကိစ္စ ကျွန်တော့်အတွင်းရေးမှူး ဝေယံကို ခိုင်းထားလိုက်တာ ၊ ဒင်းက ၁၇ ရက်နေ့ ချိန်းထားသတဲ့ ။
"ပွဲက ၇ရက်နေ့ ကွ၊ ငါက ၁၇ ရက်နေ့မှ တွေ့ပြီး ဘာလုပ်ရမှာလဲ။ ခုမှတော့ အခြားရှာဖို့လည်းခက်နေပြီ၊ ငါတို့အတွက် အများကြီး ဆုံးရှူံးရမယ့် ကိစ္စ။ မင်း စောက်လုပ်ကို သေချာ မလုပ်ဘူးဘဲ ။ မင်းကို အလုပ်ဖြုတ်လိုက်ပြီ ၊ HR ဆီက လစာ ထုတ်ပြီး တစ်ခါတည်း ထွက်သွားတော့"
အော်လိုက်ရလို့ စိတ်ထဲ နည်းနည်းတော့ ပေါ့သွားတယ်။ ဝေယံက ဝောာင်းပန်ပါတယ် အထပ်ထပ်ပြောကာ သူ့နေရာကို ပြန်ပြီး ပစ္စည်းတွေ သိမ်းနေတယ် ။
တစ်ရုံးလုံး ရုံးဆင်းသွားပေမယ့် ကျွန်တော်ကတော့ မပြန်နိုင်သေးပါဘူး။ နောက်ဆုံးပို့ရမယ့် mail တွေကို တစ်ချက်ပြန်စစ်နေတုန်း ကျွန်တော့် မိန်းမဆီက message ရောက်လာပါတယ်။
YOU ARE READING
Someone's Bitch
Short Storyတစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှု အောက်မှာ အသက်ရှင်နေရတဲ့ လူသားတွေ အကြောင်း