*ခတ်* “မယွန်း ဘာစားချင်လည်းခတ်က အစုံချက်တက်တယ်”
*ယွန်း* “အား ခွေးကြီး ရှူးရှူးသွား မလာခဲ့နဲ့နော် သွားလို့ဆို”
*ခတ်* “ဖီဖီ လာ ကလေးလာ အိမ်အလည်လာတဲ့ မမအပေါ်မဆိုးရဘူးလေ မားမားမကြိုက်ဘူးနော် လာခဲ့လာကလေး ....ကလေးလေးကလိမ္မာလိုက်တာ ရော့ ဒီမှာကလေးရဲ့ အရိုးခြောက် သွားသွား သားသား အိပ်ယာမှာစောင့်နေနော်” မမဘက်ကိုလှည့်ကြည့်လိုက်တော့ ခွေးကြောက်တဲ့အရှိန်မပြယ်သေးဘူးနဲ့တူတယ် မွေးထားတဲ့ခွေးမျိုးက သူပြောသလို ခွေးကြီး မဟုတ်ပါဘူး pomမျိုးလေးပါ ဒီပေါက်စခွေးလေးကိုတောင်ကြောက်တယ်တဲ့ “ရော့ မမ ရေသောက်လိုက်ဦး”*ယွန်း* “ ...အင်း....... ဟိုတစ်ခေါက်လာလည်တုန်းက ခွေး မတွေ့ပါဘူး ခုမှမွေးထားတာလား ”ယွန်းကခွေးဆို အသေမုန်းတာ ကြောက်တာလည်းပါတာပေါ့ ဒါပေမဲ့ ဒီခွေးလေးက သူ့သခင်စကားနားထောင်တာဘဲ ...ခတ်ပုံစံလေးက ခလေးဆန်တယ် အေးအေးလေးလို့ ထင်ရပေမဲ့ ခုနက သူ့ခွေးလေးအပေါ်ကို ဆက်ဆံလိုက်တာက လူကြီးလေးနဲ့တူသွားပြန်ရော ဒီကောင်မလေးအကြောင်း ငါတော်တော်သိဖို့လိုသေးတာဘဲ
*ခတ်* “မဟုတ်ဘူး သူငယ်ငယ်လေးကတည်းကမွေးထားတာ
ဖီဖီ့ကို ညီမလေးကောင်လေးဆီကလက်ဆောင်ရထားတာလေ သူကလည်း ခတ်ခွေးချစ်တာသိတော့ 100ပြည့်aniတုန်းကဝယ်ပေးထားတာ တစ်လလောက်က နေမကောင်းလို့ ဆေးရုံတင်ထားရတာ ခုမှ ဆေးရုံကစိတ်ချရပြီဆိုလို့ပြန်ခေါ်လာတာ 2ရက်တစ်ခါလောက်သွားတွေ့ဖြစ်တယ်”
*ယွန်း* “ခတ်မှာ ကောင်လေးရှိတယ်လား ယွန်းထင်တောင်မထားဘူး”ဘာလို့တစ်မျိုးကြီး ခံစားရပါလိမ့် အော် သူကငယ်သေးတော့ နှမြောမိတာနေမှာပါ လောကကြီးမှာ faကငါတစ်ယောက်ထဲကျန်တော့တာလား uniတက်တာတောင်မကြာသေးတဲ့ကလေးမလေးဆီမှာတောင် ကောင်လေးရှိတယ်ဆိုတော့(ယွန်းရေ fighting )
*ခတ်* “ဟုတ်....ညီမလေး မမစားဖို့ တစ်ခုခုလုပ်ပေးမယ်နော်”
*ယွန်း* “အင်း” ခတ်တို့အိမ်ပုံစံလေးက အနောက်တိုင်းဆန်တယ်လို့ပြောလို့ရတယ် ယွန်းလည်း သူချက်တာလေးတွေကို ဘာကူရမလဲမေးတော့ ကူစရာမလိုဘူးဆိုတာနဲ့ ထမင်းစား
စာပွဲမှာထိုင်ရင်း သူချက်တာလေးကိုကြည့်နေမိတယ် apronလေးကို ဝတ်ပြီး ဆံပင်ရှည်လေးကို စည်းထားတဲ့ ခတ်ပုံစံလေးက တကယ့်ကို proကျတဲ့ စာဖိုမှုး ပေါက်စလေးနဲ့ဆင်တယ် ”
YOU ARE READING
When I know You
Romansအချစ်ဆိုတာ 1ရက်နဲ့မသေချာလို့ 2နှစ်တွဲကြည့်ခဲ့တော့လည်းပြတ်တာပါဘဲ ခုခင်းဗျားနဲ့ ချစ်တာ 2လရှိပြီ ခင်ဗျားကို ဆက်ယုံပေးရမှာလား အရင် acc ပျက်သွားလို့ ခုaccနဲ့ ပြန်တင်တာပါ🥺 vote လေးလုပ်ပေးကြပါဦ💕