56[U&Z]

4K 535 41
                                    

[Unicode]

"ဟယ်လို" ဝမ်းနည်းစရာ ကောင်းလှတဲ့ အသံနဲ့ နင်ဝမ့်ထောင် ပြောလိုက်သည်။

"အဖေ ဘာလုပ်နေတာလဲ"

"ငါ့ပစ္စည်းတွေ သိမ်းနေတာ ကုမ္ပဏီကနေ နှုတ်ထွက်စာတင်တဲ့အခါ ပစ္စည်းအကုန် ယူသွားလို့ရအောင်။ သမီးဘက်က အခြေအနေကရော ဘယ်လိုလဲ။ ဟန်မေလင်းရဲ့ နှုတ်ခမ်းအရောင်ကရော ဘာလဲ"

"အမဲလေ။ ဘာဖြစ်လို့လဲ"

"သမီးတော့ သေပြီပဲ! အခုချက်ချင်း ပြန်လာခဲ့လိုက်တော့! သူ့နှုတ်ခမ်းအရောင်က သူ့လက်ရှိ စိတ်ခံစားချက်ကို ရည်ညွှန်းတာပဲ။ အမဲရောင်ဆိုတော့ သူ့စိတ်အခြေအနေက တော်တော်ဆိုးနေတာပဲ။ အခုသူ့အခြေအနေက ချိန်ကိုက်ဗုံးပဲ!"

"..."

စုထျန်းထျန်းကို သူမပြောခဲ့တဲ့ စကားတွေကို စဉ်းစားလိုက်တဲ့အခါ သူမအနေနဲ့ စိတ်အခြေအနေ မကောင်းတာ ဖြစ်သင့်သည့်အရာပင်။

"စိတ်မပူပါနဲ့ အကုန်ပြီးသွားပြီ!"

"ခနလေး! မေလင်းနဲ့ စာချုပ်ချုပ်တာ အောင်မြင်သွားတာလား။ ငါ့သမီးလေးက အရမ်းတော်တာပဲ! ရှယ်ယာ အကျိုးအမြတ် ဘယ်လောက်နဲ့ စီစဉ်ခဲ့တာလဲ"

"50%."

"များတာပဲ!"

"သမီးလည်း အဲ့လိုပဲ ခံစားရတယ်။ သန်း၁၀၀နဲ့ဝယ်ပြီး ရှယ်ယာ50% ပြန်ရမယ်ဆိုတာ ကောင်းတဲ့ အပေးအယူပဲလေ"

"ခနလေး....ဘယ်လောက်လို့ ပြောလိုက်တာ"

"သန်း100! သမီးတို့တွေ ပိုက်ဆံအများကြီး ပြန်ရတော့မှာ!"

"...."

တဖက်လိုင်းမှ နင်ဝမ့်ထောင်ကတော့ အသက်ပြင်းပြင်း ရှူနေပြီ ဖြစ်လေသည်။

"အဖေ့ဘက်က တကယ်လို့ စိတ်မကောင်းသလို ခံစားရရင် နောက်ထပ် သန်း၅၀လောက် ထပ်ထည့်ကြမလား"

Beep…

Beep…

Beep…

နင်ဝမ့်ထောင်ကတော့ ဖုန်းချလို့ သွားလေပြီ။

"အာ! ငါ့အဖေ စိတ်က အခု မတည်ငြိမ်‌သေးဘူးပဲ!"

....

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Nơi câu chuyện tồn tại. Hãy khám phá bây giờ