ကလေးတွေကိုပစ္စည်းဝေစာရှိတာဝေပေးပီး ကလေးတွအတန်းပီးသွားကြတယ်
"ကဲ ကျန့်ကျန့်လာငါမိတ်ဆက်ပေးမယ်"
ဆိုပီး ကျောင်းဝန်းထဲကခုံဝိုင်းလေးမှာ
"ဒါက ယွိပင်းတဲ့ ဒါကကျန်းချန် ဒါကဟောက်ရွှမ်း ဒါက.."
"ကိုယ်က၀မ်ရိပေါ်ပါ"
ဘယ်နဲ့သူ့ကိုနောက်ဆုံးမှမိတ်ဆက်ပေးတာတဲ့စိတ်မရှည်ဘူးကိုယ့်ဘာသာကိုပဲနှုတ်ဆက်လိုက်တယ်
"ဟုတ်ကဲ့ ကျနော်ကရှောင်ကျန့်ပါ တွေ့ရတာဝမ်းသာပါတယ် ဒီကျောင်းမှာလာလှူပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ် ခဏလေးနော်ကျနော်ဒီကဧည့်သည်တွေအတွက်တစ်ခုခုစီစဉ်ပေးပါ့မယ်"
ရှောင်ကျန့်ထထွက်သွားတော့ ရိပေါ်လဲမတ်တပ်ရပ်လိုက်တော့ဘေးနားကလူတွေက
"ရိပေါ် မင်းကဘယ်လဲ"
"သူတစ်ယောက်ထည်းမနိုင်မှာစိုးလို့လိုက်ကူပေးမလို့"
"မင်း နော် မင်း"
သူ့သူငယ်ချင်း ၃ယောက်ကငါတို့သိတယ်ဆိုတဲ့အကြည့်နဲ့
ရေခဲသေတ္တာရှေ့မှာရပ်ပီးပစ္စည်းထုတ်နေတဲ့ကောင်လေးကို"ဟိတ်"
"အက်မလေး လန့်လိုက်တာ"
ရှောင်ကျန့်သူ့နောက်ကလူကိုလန့်သွားတာပဲ ဘာမှန်းမသိဘူး
"ဘာကိစ္စရှိလို့လဲ ဗျ"
"မင်းကိုကူညီဖို့လေ ..." ပြောရင်းအနားတိုးတိုးလာတဲ့လူတိုးလာတာ သူရေခဲသေတ္တာထဲတောင်ဝင်တော့မယ်
"ဒါနဲ့မင်းကိုတစ်ခုပြောစရာရှိတယ် မင်းငါ့ကိုတွေ့တာနဲ့ မင်္ဂလာပါလို့နှုတ်ဆက်ရမယ် ဘယ်လိုလဲ"
"...."
"ပြောလေ နှုတ်ဆက်ပါမယ်လို့"
"အင်း အင်း"
ရှောင်ကျန့်သူ့ရှေ့ကလူကအခုမှသိတာကို ဘာတွေလာပြောနေမှန်းမသိ
"အင်းပီးရော လာသွားကြမယ် "
အအေးဘူးလေး၆ဘူးနဲ့ အသီးပန်ကန်လေး၂ချပ်ကိုယူပီး သူငယ်ချင်းတွေကိုကျွေးဖို့
အချင်းချင်းဟိုအကြောင်းပြောဒီအကြောင်းပြောနေရင်းသင်တန်းတူတူပဲဖြစ်တာရောအကုန်သိသွားကြတယ်
ရှောင်ကျန့်ကတော့ဒီစကားဝိုင်းမှာတော်တော်နေရခတ်နေတယ် အရှေ့ကလူကသူ့ကိုဝါးစားမတပ်ကြည့်နေတာ သူအိမ်ပြန်ချင်နေပီ သူ့ဆုတောင်းမကြာလိုက်ပါဘူး ခဏနေတော့စကားဝိုင်းလေးပီးသွားပီး ကိုယ့်အိမ်ကိုသာပြန်လာခဲ့ကြတယ်
ဒါနဲ့ဟွားဟွားကမျက်နှာသိပ်မကောင်းဘူး ပင်ပန်းလို့ထင်တယ်
YOU ARE READING
R I N G (Zawgyi,Unisode) Ongoing
Fanfictionဒီလက်စွပ်လေးကိုမင်းမှတ်မိကောင်းပါရဲ့ ရှောင်ကျန့်❤️ ကိုယ့်ကိုခွင့်မလွတ်ပါနဲ့ ဝမ်ရိပေါ်💚 6 Oct 2021 ..... ဒီလက်စွပ်လေးကိုမင်းမှတ်မိကောင်းပါရဲ့ ရှောင်ကျန့်❤️ ကိုယ့်ကိုခွင့်မလွတ်ပါနဲ့ ဝမ်ရိပေါ်💚 6 Oct 2021