[Unicode]
"တော် ရှင်တောင်ဖောက်ပြန်နေသေးတာပဲမဟုတ်ဘူး!"
"မင်းစကားကိုကြည့်ပြောအခုလို့အောက်ဆုံးထိကျသွားတာမင်းအသုံးအဖြုန်းတွေကြောင့်လဲပါတယ်!!"
ကြားနေရသည့်အသံတွေကပုံမှန်မဟုတ်သလို။ရှင်းရှင်းပြောရရင် 10 နှစ်ဆိုတဲ့ကာလတစ်လျှောက်မှာပထမဆုံးကြားဖူးတဲ့အသံတွေပင်။နားကိုလဲမပိတ်မိသလိုရပ်ကြည့်နေဆဲ။
"ကွာရှင်းကြရအောင် ကျွန်မတို ့နဂိုတည်းကအဆင်ပြေနေခဲ့ကြတာမှမဟုတ်တာ"
ဆိုဖာပေါ်မှာထိုင်ချလိုက်သောအမျိုးသမီးသည််တည်ငြိမ်စွာ။ဘယ်အရာကိုမှဂရုမစိုက်ချင်၊မတွေးတောမပူပန်ချင်ဆိုသည့်အရိပ်အယောင်တွေကသူမမျက်နှာမှာရေးရေးထင်နေသည်။မည်သူဘက်မှစကားမစမိပဲခဏတာငြိမ်သက်သွားသည့်နောက်မှာထိုအမျိုးသမီးမှာတာဝန်ယူလိုစိတ်နဲ့မိခင်မေတ္တာစိတ်အပြည့်ရှိသည့်စကားကိုပြောသည်။
"ကျွန်မကလေးကိုကျွန်မခေါ်သွားမယ်"
အပြင်မှာမှာရပ်ကြည့်နေသောကလေးငယ်ဆီသူမအကြည့်တွေပို့ပြီးနောက်အိမ်နဲ့သူမခင်ပွန်းဟောင်းကိုတစ်ချက်မှမကြည့်ပဲလှည့်ထွက်ခဲ့သည်။
ကျန်ခဲ့သောကလေးဖြစ်သူ၏ဖခင်မှာကြေကွဲစွာပြုံးရင်းမတည်ပေးနိုင်သောကတိတစ်ခုအားရေရွတ်မိသည်။
"ဖေဖေတောင်းပန်ပါတယ် ပထမဆုံးစန္ဒာယားတီးသံကိုနားမထောင်ပေးနိုင်ခဲ့ဘူး"
...............
"ဂျီဆောလေး မတွေ့ရတာကြာပြီနော်"
အမှုစစ်ကြီး။ပြောရရင်အထက်ရဲ့အထက်မှာရှိတဲ့ဝါရင့်အမှုစစ်တစ်ဦးပေါ့။ဆုံးသွားတဲ့ကိုယ့်အမေနဲ့မိတ်ဆွေဟောင်းတွေမလို ့ကိုယ့်ကိုသမီးတစ်ယောက်လိုခင်တယ်။ဒီနေ့တော့မတွေ့ရတာကြာတဲ့အမှုစစ်ဦးလေးရဲ့မိန်းမဖြစ်သူပါကိုယ်တို ့ရုံးကိုလိုက်လာတယ်။အမှုစစ်ဦးလေးရောက်လာကောဌာနမှူးတို ့ရှေ့ပြေးလိုက်နောက်ပြေးလိုက်နဲ့ကလေးအမေကြီးကလေးပျောက်သွားသလိုပျာယာတွေကိုခတ်နေတော့တာပဲ။ညနေပိုင်းလောက်လာတာဆိုတော့လဲအရေးကြီးကိစ္စရှိလို ့နေမှာပေါ့လေ။
YOU ARE READING
ɢᴀᴍᴇ sᴛᴀʀᴛ !
Fanfiction[ᴀ. ᴊᴊᴋ ғᴀɴғɪᴄᴛɪᴏɴ] . . . . . ᴡᴀʀɴɪɴɢ! Tʜɪs ғᴀɴғɪᴄᴛɪᴏɴ ʜᴀs ʙʟᴏᴏᴅʏ scenes! sᴛᴏʀʏ ʙʏ @Junghwabel094 ᴄᴏᴠᴇʀ ᴘʜᴏᴛᴏ ʙʏ @Min_Avarsorin✨