ရှောင်ကျန့် သူငယ်ချင်းနဲ့တွေ့ရန် shirtအကျီ လက်တိုနဲ့ချည်ဘောင်းဘီရှည်အပွလေးပေါ့ပါးစွာဝတ်ကာ ဦးထုပ်လေးပါဆောင်းထားတယ်....
အမြဲလူကြီးဆန်ဆန်ဝတ်တာကြောင့် ခုလိုပုံလေးဝတ်ထားတာ ၂၀ကျော်လောက်ဟုသာထင်ရတယ်...
ရိပေါ်ရဲ့ ၃စက္ကန့်မကြာတဲ့အကြည့်လေးကို ရှောင်ကျန့်သဘောပေါက်စွာပြုံးလိုက်တယ်.."ငါ လီယမ်နဲ့ဂေါက်ရိုက်သွားမလို့"
ဝမ်ရိပေါ်ကဘာမှမပြောပဲ ကျောင်းသွားရန်ပြင်ဆင်လိုက်တယ်...
ဝမ်ရိပေါ်ထိန့်လန့်မိတယ် သူစကားတစ်လုံးမှ မပြောပဲနဲ့တောင် သူ့စိတ်ကိုသိနေတယ်..သူရှောင်ကျန့်အနားမှာနေတာက ရှောင်ကျန့်ကို ဒုက္ခပေးဖို့ရောက်နေတာဆိုပေမယ့် သူလုပ်သမျှကရှောင်ကျန့်ကို ကလိထိုးနေသလောက်ပဲရှိတယ်လို့ ခံစားလာရတယ် အားမရဘူးဖြစ်နေတယ်...ကုတင်ပေါ်မှာလဲ သာယာမိနေတာကြောင့် ကိုယ့်ကိုကိုယ်လဲအားမရဖြစ်ရတယ်.....
------
ရိပေါ်က ကျောင်းကိုစိတ်မကြည်စွာနဲ့လာခဲ့လိုက်တယ် ထိုစဉ်ကြားလိုက်ရတဲ့အသံကြောင့် အစကတည်းကရှာချင်နေတဲ့ ပြသနာကရှာရန် အပေါက်တွေ့သွားခဲ့ပြီ.."ဟိတ်ကောင် မင်းကရုပ်ချောတယ်ဆိုပြီး ဘယ်သူ့ကိုမှ အဖက်မလုပ်တဲ့အထာဖမ်းနေတာ ငါတို့မျက်စိစူးတယ်"
"ဟုတ်တယ် ဒါနဲ့ မင်းစပွန်ဆာရှိတာလား မင်းလိုကောင်က limitနဲ့ထုတ်ထားတဲ့ ပြိုင်ကားတွေ အကျီတွေဝယ်ဖို့ အရည်ချင်းမှမရှိတာ"
သူပြောမှ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတယ်
ဒါ limitနဲ့ထုတ်ထားတဲ့ဟာတွေလား ကိုယ်တိုင်တောင်မသိဘူး......."မင်းစပွန်စာက အတော်ကြီးမယ့်ပုံပဲမင်းဘာတွေများ..အ့"
"ခွပ် ခွပ် ခွပ်"
ထိုကောင်လေးနှစ်ယောက်နဲ့သတ်ပုတ်ပြီး ဝမ်ရိပေါ်အားပြင်းပြင်းနဲ့မေ့လဲတဲ့အထိထိုးလိုက်တယ်..ထိုနောက် ကားကိုအရှိန်ပြင်းစွာမြို့ပြင်ကိုဦးတည်ကာ မောင်းထွက်သွားတယ်...ကားကအရှိန်မြင့်နေပြီး တစ်လမ်းလုံးကပြည်သူပိုင် ပစ္စည်းတွေကိုပါဝင်တိုက်သဖြင့် ရဲကားတွေအနောက်ကနေ လိုက်လာတယ်...ကွင်းပြင်တစ်နေရာကိုရောက်တော့ ကားကိုရပ်လိုက်ကာ အရေးပေါ်ဓာတ်ဆီဗူးအပိုကို ကားထဲကထုတ်ပြီးကားပေါ်ကိုလောင်းချကာ ခပ်ဝေးဝေးပြေးပြီးမီးခြစ်ကိုခြစ်ကာပစ်ပေါက်လိုက်တယ်...
YOU ARE READING
Rough! 🔞(Completed)