Chapter (10)

2.8K 570 11
                                    


(Unicode)

မုရှင်းယုသည်သူ့နောက်ကွယ်ကလူတွေဟာအခုထိမပျောက်ကွယ်သွားသေးဘူးဆိုတာသူသိတယ်။ထို့ကြောင့်သူ့အဖေကိုဖုန်းခေါ်ဖို့စီစဥ်နေတဲ့အချိန်မှာဘဲသူအမေကသူ့ဆီကိုဖုန်းခေါ်ဆိုလာခဲ့တယ်။

"ရှင်းယု,တစ်ယောက်ယောက်ကအင်တာနက်ပေါ်မှာသားကိုတိုက်ခိုက်နေတာကိုအမေတွေ့တယ်,စိတ်မပူနဲ့,အမေသားအဖေကိုရှင်းခိုင်းလိုက်မယ်,သားကိုထိခိုက်နစ်နာစေတဲ့စကားပြောထားတဲ့ Weibo အကောင့်အားလုံးကိုအမေစာအုပ်လေးထဲမှာချရေးထားမယ်,သူတို့ကိုအမေလွှတ်သွားခွင့်မပြုဘူး"

" မား,အွန်လိုင်းမှာဘာဖြစ်နေတာလဲဆိုတာမားသိနေနှင့်ပြီလာ? "

" ဟုတ်တယ်!အမေပြောမယ်သားအခက်အခဲတွေကြုံတွေ့နေတာကိုအမေနဲ့သားအဖေဆီကိုဘာလို့ဖုန်မ​ခေါ်တာလဲ?နောက်ပြီးတော့,ကုရဲ့မိသားစုကဘာဖြစ်နေတာလဲ?သူတို့ကလူထုအမြင်ကိုဖြေရှင်းဖို့တောင်သားကိုမကူညီဘူးလာ! " ချုပ်တည်းလျက်ပြောပြီးနောက်မုရဲ့အမေကအရမ်းဒေါသထွက်နေတယ်။

" မား,ဖိုးဖိုးကကျတော့်ကိုကူညီချင်တယ်ဒါပေမယ့်ကျတော်ငြင်းလိုက်တယ် "

" ဒီကလေးကတော့တကယ်ပဲ...အခုအင်တာနက်ပေါ်မှာကီးဘုတ်သမားတွေပြောနေတာကြည့်ပါဦ!အဲ့ဒီအမှိုက်တွေကသားအဖေကိုသားရဲ့ရွှေသခင်(စပွန်ဆာ)လို့ပြောတယ်!တကယ်လို့မင်အဖေသာအပြင်မှာထွက်ရဲရင်!ငါဘယ်တော့မှသူနဲ့ပြီးပြတ်မှာမဟုတ်တော့ဘူး! "

အမေနဲ့သာဖုန်းပြောပြီးနောက်သိပ်မကြာခင်မှာဘဲကျီနန်းအိမ်ခြံမြေအကျိုးဆောင်ရဲ့တရားဝင် Weibo ကမက်ဆေ့စ်တစ်ခုတင်လိုက်တယ်။

" ငါမင်းကိုတရားဝင်မိတ်ဆက်ပေးချင်တယ်။ဓာတ်ပုံတွေကတော့မစ္စတာမု,မစ္စမုနဲ့သခင်ငယ်လေးမုတို့ပါ။မုမိသားစုအကြောင်းကိုစိတ်ပူပေးတဲ့အတွက်ကျေးဇူးပါ။မိသားစုပုံ :jpg "

ထို Weibo ပိုစ့်ကမုရှင်းယုရဲ့အထောက်အထားတွေကိုချက်ချင်းသက်သေပြခဲ့တယ်။ဒါပေမယ့်မုရှင်းယုကထို Weibo ပိုစ့်ရဲ့ပုံစံသည်ပုံမှန်နှင့်အလွန်ခြားနားသည်နေတယ်လို့ခံစားရတယ်။

RTMADF (မြန်မာဘာသာပြန်) Where stories live. Discover now