Chapter ( 6 )

2.9K 553 7
                                    

(Unicode)

ဒါရိုက်တာယဲ့သည် ရိုက်ကူးရေး၏ အသေးစိတ်အချက်အလက်တွေကို လက်ထောက်ဒါရိုက်တာနှင့် ဆွေးနွေးနေသည်။

မုရှင်းယုကို ရုတ်တရက်မြင်လိုက်တော့ သူက အနည်းငယ်အံသြသွားတယ်။ " မင်းကဘာလို့ ဒီကို ရောက်နေတာလဲ? မင်းအိမ်ပြန် အနားယူချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လာ? "

ဒါရိုက်တာယဲ့၏ စကားများကို ကြားလိုက်​တော့ မုရှင်းယု၏ နှလုံးသားသည် အောက်ဆုံတွင် ရှိနေခဲ့သည်။ အစ်မချင်းသည် သူ့အား တစ်ဖတ်သတ်လာဖို့ ပြောခဲ့တာဘဲ။

" ယဲ့တုန်..ဒါက ဒီလိုပါဘဲ၊ ကျတော်အိမ်မှာ ကိစ္စတစ်ခုခုရှိလို့ ၊ကျတော် ဆက်ပြီး ရိုက်ကူးနိုင်မှာ မဟုတ်ဘူး၊အဖွဲ့အတွက် ဆုံးရှုံးမှုတွေကို ကျတော် အလျော်ပေးပါ့မယ် "

ယဲ့တုန်က အံ့သြသွားပြီး ဘာပြောရမှန်း မသိတော့ပေ။

သို့သော် နောက်မှ လိုက်လာသူ ဖုန်းဇီအန်သည် မုရှင်းယု၏ စကားများကိုကြားတဲ့အခါ သူက အရင်ပြောလိုက်တယ် " မုရှင်းယု မင်းဘာကို ဆိုလိုတာလဲ? မင်းက အဖွဲ့ကနေ နုတ်ထွက်ချင်တယ်? " အထင်သေးစွာဖြင့် " မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ?မင်က ဆုံးရှုံးမှု အားလုံးကို ပေးနိုင်တယ် ။ဟုတ်လာ..."

ရှောင်ဝမ်က မုရှင်းယုရဲ့ အချက်အလတ်တွေကို သိတာကြောင့် သူကဖုန်းဇီအန်ကို ပြန်လည်ချေပ ချင်ခဲ့ပေမယ့် မုရှင်းယုက မပြောဖို့အမူအယာပြခဲ့တယ်။

" အစ်ကိုဖုန်..ကျတော် လျော်ကြေးငွေ ပေးလားမပေးဘူးလား ဆိုတာ ကျတော့ပြဿနာလေv၊အစ်ကိုဘာလို့ ဝင်ပါတာလဲ၊ အစ်ကို ကျတော့ကိုလျော်ကြေးငွေ ပေးချင်လို့လာ? "
ရှင်းယုက အပြုံးဖြင့် မေးလိုက်သည်။

ဖုန်းဇီအန်းသည် အလွန်ဒေါသထွက်သွားသော်လည် မည်သို့ ပြန်လည်ချေပ ရမည်ကို မသိခဲ့ပေ။

ဒီနေရာကို အဖွဲ့ရှိ လူတိုင်းက ကြည့်နေကြပြီး သူက ဟွန့်ကနဲvနှာမှုတ်ကာဒေါသတကြီး ဖြင့်ထွက်ခွာသွားတယ်။

ယဲ့တုန်က မျက်မှောင်ကြုတ်ထားခဲ့တယ်။

ဖုန်းဇီအန် ထွက်ခွာသွားပြီးနောက် သူက မုရှင်းယုကို မေးလိုက်တယ်....
" ဘာလို့ မင်းကbရုတ်တရက်ကြီး ထွက်သွားချင် ရတာလဲ? မင်းက ရုပ်ရှင်ရိုက်တဲ့ နေရာမှာ ပါရမီရှိတယ်၊ ပြီးတော့ မင်းခဏလေး စိတ်ပျက်အားငယ်တာက ဘာမှမဟုတ်ပါဘူး "

RTMADF (မြန်မာဘာသာပြန်) Tempat cerita menjadi hidup. Temukan sekarang