PART 21(Z+U)

1.8K 146 2
                                    

Zawgyi

"အနားရောက်လာတာတွေဟာ ခဏတာပါလို့ယုံကြည်ထားသူက မျှော်လင့်ခြင်းလေးကို ချိုးနှိမ်လို့ထားတယ်"

ကုမ္ပဏီအရှေ့ ပေါ်တီဂိုအောက်တွင် စံစံက ရှန်းကို တွေ့ရဖို့ နည်းနည်းလေးတောင်ထပ်ပြီးမစောင့်နိုင်တော့သည့်ပုံနှင့် ဂိတ်အရှေ့ဘက်ကို ခဏခဏလှမ်းကြည့်နေပြီး လက်ဖဝါးများကိုလည်း ဆုပ်လိုက်ဖြန့်လိုက်နှင့်တည်ငြိမ်မနေ။

နောက်ငါးမိနစ်လောက်ကြာတော့ ကုမ္ပဏီအဝင်းထဲသို့ Benzတစ်စီးက ဝိုက်မောင်းဝင်လာပြီး စံစံ၏အရှေ့တွင် ရပ်သွားလေသည်။
ရှန်းကတော့ သူ့မူမပျက် အေးဆေးတည်တည်ငြိမ်ငြိမ်ပဲ ကားထဲကဆင်းလာ၏။

စံစံကရှန်းဆီ ချက်ချင်းသွားပြီး လက်ဆွဲအိတ်ကိုလွှဲပြောင်းယူလိုက်ကာ တစ်ခုခုပြောရန် စိတ်ခုန်နေသယောင် မျက်နှာကား ဝင့်နေ၏။

"ဒီမနက်အချိန်ဇယားတွေ အကုန်နောက်ရွှေ့ထားလိုက်ပြီမလား"

ပါးစပ်ဟရုံရှိသေး အေးစက်စက်အမိန့်ပေးလာသည့်အသံကြောင့် စံစံကပြောမလို့ပြင်ထားသည်ကို အရှိန်ထိန်းပြီး ပြန်ပိတ်လိုက်လေသည်။
ဒါကိုရှန်းက တွေ့လိုက်တော့

"ဘာပြောမလို့လဲ"

"ဘော့စ်အတွက် အထူးပစ္စည်းတစ်ခု ရောက်နေတယ်... အဒါကိုအရင်ဆုံးကြည့်လိုက်ပါဦး"

စံစံက အံ့သြနေသလိုရော၊ ပျော်နေသလိုရော မျက်လုံးများကိုပါဝင့်ပြီး ခေါင်းငြိမ့်ပြလာတော့ ရှန်းမှာ စဉ်းစဉ်းစားစားဖြစ်သွားရတော့သည်။
ရုံးခန်းဆီသို့ ဦးဆောင်သွားသည့် သူမ၏ခြေလှမ်းများမှာလည်း သွက်လက်မြန်ဆန်နေတော့၏။

"ဒါတွေက... "

ရှန်းမှာ စာအိတ်ထဲရှိ စာရွက်စာတမ်းများကိုထုတ်ကြည့်လိုက်ပြီး သူ့မျက်လုံးကိုတောင် သူမယုံနိုင်ဖြစ်သွားရသည်မို့ စံစံကိုလှမ်းမေးမိလေသည်။

"ဟုတ်တယ် ဘော့စ်... ဦးသန်းလွင်ရဲ့ရှေ့နေကိုယ်တိုင် မနက်ကလာပေးသွားတာ နှစ်ဆဈေးနဲ့တောင်မဟုတ်ဘဲ မူရင်းအတိုင်းပဲပြန်ရောင်းပေးတာတဲ့... ကြားကြားချင်း ကျွန်မနားတောင်ခလုတ်တိုက်သွားခဲ့တာ"

"My Only One" ✔️Où les histoires vivent. Découvrez maintenant