Chapter ( 4 )

2.9K 613 4
                                    


(Unicode)

ယနေ့မစ္စတာကုသည်တရုတ်စတိုင်လ်၀တ်စုံကိုဝတ်ဆင်ထားသည်။သူကမုမိသာစုဝင်လာတာမြင်တဲ့အခါမတ်တပ်ရပ်ပြီးပျော်ရွှင်စွာဖြင့်နှုတ်ဆက်လိုက်တယ်။

ပါးပါးမုနှင့်မားမားမုတို့သည်ပါးပါးကုကိုနှုတ်ဆက်ပြီးနောက်မင်္ဂလာဆောင်ဖို့အတွက်ဆွေးနွေးရန်
အတူထိုင်လိုက်ကြသည်။

" သားအဖေ့စကားကိုနားထောင်သားကုရဲ့မိသားစုတကယ်ကိုအမြန်ဆုံးလက်ထပ်ချင်တာလား " ပါးပါးကုကမုရှင်းယုကိုမေးတယ်။

မုရှင်းယုခေါင်းညိတ်ပြီး " ဟုတ်ကဲ့ "

" အဖိုးအရမ်းပျော်တယ်ဒါပေမယ့်သားတကယ်ဆုံးဖြတ်လိုက်ပြီးလာဆိုတာကိုအဖိုးသိချင်တယ် " အဖိုးကုကအသက်ကြီးပေမဲ့သူကအရမ်းတက်ကြွတယ်သူ့မျက်လုံးတွေကလူတွေရဲ့နှလုံးသားဖြတ်ပြီးတော့မြင်နိုင်တယ်။

မုရှင်းယုကအဖိုးကုရဲ့အကြည့်ကိုတိုက်ရိုက်ကြည့်လိုက်ပြီး...
" ဖိုးဖိုးကုကျတော်ဥက္ကဋ္ဌကုနဲ့လက်ထပ်ဖို့သဘောတူစာချက်ရှိတယ်လေ။အခုသူကမေ့မြောနေတယ်။ကျတော်သူ့ကိုပိုပြီးဂရုစိုက်နိုင်အောင်ကျတော်သူ့ကိုလက်ထပ်ရမယ် "

" သားဒီလိုတွေးတာကိုအဖိုးအရမ်းဝမ်းသာတယ်။ဒါပေမယ်ယွမ့ကျိုးကဘယ်တော့မှမနိုးလာတော့ဘူးဆိုရင်ဒါကသားကိုမနှောင့်နှေးစေဘူးလာ? "

" ဖိုးဖိုးကုကျတော်နဲဥက္ကဋ္ဌကုကစရိုက်တူတူဘဲကျတော်သာသူ့ကိုလက်ထပ်လိုက်ရင်သူမြန်မြန်နိုးထလာနိုင်တယ် " မုရှင်းယုကဟာသတစ်ဝက်နဲ့ပြောလိုက်တယ်။

ပါးပါးကုကအနည်းငယ်ပြုံးလိုက်ပြီး
" ငါမျှော်လင့်တယ်။စိတ်မပူနဲ့တကယ်လို့ယွမ်ကျိုးကငါးနှစ်အတွင်းမနိုးလာဘူးဆိုရင်မင်းထွက်သွားချင်ရင်ထွက်သွားနိုင်တယ် "

ပါးပါးမုနှင့်မားမားမုတို့ကစိတ်သက်သာစွာဖြင့်တိတ်တဆိတ်သက်ပြင်းချလိုက်သည်။

မုရှင်းယုကမစ္စတာကုကသူ့ကိုဂရုစိုက်လိမ့်မယ်လို့မမျှော်လင့်ထားဘူး။ဒါပေမယ့်မစ္စတာကုရဲ့ကတိကအသုံးမ၀င်ဘူး။ဘာလို့လဲဆိုတော့အရင်ဘဝကကုယွမ်ကျိုးကနောက်နှစ်ဆောင်းဦးမှာနိုးလာလိမ့်မယ်။ပြီးတော့ဒီဘဝမှာဝိဉာဏ်အကူညီရှိတယ်။ကုယွမ်ကျိုး၏နိုးထချိန်သည်အလွန်မြင့်မားစွာစောလိမ့်မယ်လို့သူယုံကြည်တယ်။

RTMADF (မြန်မာဘာသာပြန်) Where stories live. Discover now