Ep - 08

93 16 8
                                    

Episode 8 : : I'd rather long for you. That's right. I have no other choice.

.........................

" စားလို့ကောင်းလား အဘိုး။ ဒီ မုန်လာဥကင်မ်ချီလေးလည်း လတ်ဆတ်တယ်။ ဒါလေးနဲ့ပါ တွဲစားနော်။ "

ရိုသေကျိုးနွံသော အမူအရာများဖြင့် လူကြီးသူမများ အစားစားရာမှာ လိုလေသေးမရှိ စိတ်ရင်းပါပါ ဂရုစိုက်ပေးနေသည့် Ah-young ..။

အဘိုးအဘွားတို့၏ စားသောက်ပြီးသား ပန်းကန်များကို အခြား Volunteer တွေနှင့်အတူ ဆောင့်ကြောင့်ထိုင် ဆေးကြောရင်း၊ ခပ်လှမ်းလှမ်းက Ah-young အား ငေးကြည့်လို့ သူ ခပ်ရေးရေး ပြုံးမိသွားသည်။

ပထမနှစ်ဝက်စာမေးပွဲ ပြီးသွားပြီး ကျောင်း ခဏ ပိတ်တုန်းလေး ဘိုးဘွားရိပ်သာမှာ Volunteer တူတူ ဝင်လုပ်ဖို့ Ah-young က တိုက်တွန်းလာခဲ့တာ ဖြစ်သည်။ တကယ်လည်း Ah-young နှင့် အချိန် များများ ပိုဖြုန်းရင်း သူ့စိတ်ကိုသူ ကုစားဖို့ လိုအပ်နေတာ အမှန်မို့ ချက်ချင်းပဲ ခေါင်းငြိမ့်လက်ခံမိတော့တာပါ။ ဆိုးလ်မြို့အတွင်း မဟုတ်ဘဲ နယ်မြို့တစ်မြို့၏ တောင်အောက်ခြေ ရပ်ကွက်လေးတွင် တည်ရှိတာကြောင့် ဤ နေရာက တော်တော် အေးချမ်းပြီး တိတ်တိတ်ဆိတ်ဆိတ်လည်း ရှိလွန်းသည်။
ထူးဆန်းသည်က သူတို့တွေ ဒီနယ်မြို့အထိ အဝေးပြေးဘတ်စ်ကား စီးပြီး ရောက်လာခဲ့ကြတာ။ တစ်ခါမှ ဘတ်စ်ကား မစီးဖူးသော Ah-young အတွက် သည်ခရီးစဉ်က ခက်ခဲမှာ သေချာလောက်ပေမယ့် Ah-young ကိုယ်တိုင်က စိတ်လိုလက်ရဖြင့် "အစ်ကို၊ ညီမ အစ်ကိုနဲ့အတူတူ ဘတ်စ်ကား စီးကြည့်ချင်တယ်" ဟူသည့် စကားနှင့် သူ့အကြည့်တွေကို ခိုင်ခိုင်မြဲမြဲ ချုပ်နှောင်ပစ်ခဲ့သည်။ ပြီးတော့ ဒါဟာ သူတို့တွေ ချစ်သူ ဖြစ်ပြီးမှ အတူတူ လာဖြစ်တဲ့ ပထမဆုံးခရီး။ ထိုအကြောင်းပြချက်ကြောင့်ပင် မနက်ကတည်းက အခုထိ Ah-young ၏ မျက်နှာဟာ တစ်ချက်ကလေးမှ နွမ်းလျပုံ မပေါ်ဘဲ ဝင်းပရွှင်လန်းနေတာ ဖြစ်လိမ့်မလား။

" အစ်ကို့ကောင်မလေးက တကယ့် နတ်သမီးလေး သိလား။ "

သူနှင့် မနီးမဝေးမှာ ရေခွက်တွေကို ဆပ်ပြာတိုက်နေသော ဆံပင်တိုတို ကောင်မလေးက Ah-young ဘက်သို့ မျက်စပစ်ပြကာ ဆိုလာတော့ ပန်းကန်ဆေးခြင်းအမှုကို သူ အမှတ်တမဲ့ ခေတ္တ ရပ်နားမိသည်။

Less Ice, More Sugar - Side Story (Completed)Donde viven las historias. Descúbrelo ahora