Part-6🌻

1.3K 77 0
                                    

အချိန်အားဖြင့် မနက်(၆)နာရီ....ချစ်ရတဲ့ ကောင်လေးအတွက် ရှောင်ကျန့်အစောထ၍ မနက်စာပြင်ပေးနေသည်....ထိုချိန် တံခါးဖွင့်သံနှင့်အတူ အိပ်ခန်းထဲမှ ထွက်လာသော ချစ်ရတဲ့ အသက်ကလေး....

"ကိုကို...morning..."

ဆိုပြီး ပါးကိုလှစ်ကနဲ နမ်းသွားတဲ့သူ...

"Morning...မောင်...ဘာလို့အစောကြီးထလာတာလည်း..ကိုကို လာနှိုးမှာပေါ့..."

ရိပေါ် ထိုင်နေတဲ့ခုံဘေး ရှောင်ကျန့်ဝင်ထိုင်လိုက်ပြီး မနက်စာပန်းကန်လေးချပေးလိုက်တယ်..

"ဒီနေ့အပြင်သွားစရာရှိလို့...အသိတစ်ယောက်နဲ့ချိန်ထားတာ...ကိုကို!"

"ဟင်!..."

"မောင်လေ ကိုကို့ကို ပြောစရာရှိတယ်..."

"ဘာများလည်...."

"မောင်...ဆိုင်ကယ်ပြိုင်ပွဲ ၀င်ပြိုင်ချင်လို့...ဟိုလေ..."

"မပြိုင်ရဘူး...ကိုကို လုံးဝခွင့်မပြုဘူးနော် မောင်!"

"ကိုကိုကလည်း...မောင်ဘာမှမဖြစ်စေရပါဘူး...တစ်ကယ် အာမခံတယ်..."

"ဘာကို အာမခံတာလည်း...ဒီလိုပြိုင်ပွဲမျိုးမှာ မတော်တဆဆိုတာ အနည်းနဲ့အများတော့ ရှိမှာဘဲ..မောင့်ဘက်က အာမခံရုံလေးနဲ့ ကိုကိုကစိတ်မပူဘဲနေနိုင်မှာတဲ့လား...."

"ကိုကိုကလည်း လုပ်ပါ..နော်..မောင်ပြိုင်ချင်လို့ပါ...အခုတစ်ခေါက်ပြိုင်ပွဲက နိုင်ငံအဆင့်မှီ  ကိုကိုရဲ့..ပြီးတော့ ဒီပွဲမှာ မောင်အရမ်းသဘောကျတဲ့ မောင့်ရဲ့ idolလည်း ပါလို့ပါ..နော်..နော်လို့ ကိုကို.."

"မောင်ရယ်..ကိုကိုတားနေတာက မင်းတစ်ခုခုဖြစ်မှာစိုးလို့ပါ..ပြီးတော့ မောင်က ဒီလိုပွဲမျိုးတွေတစ်ခါမမှ မပြိုင်ဖူးတာ ကိုကိုမစိုးရိမ်ဘဲ ဘယ်နေပါ့မလည်း..."

"ကိုကို စိုးရိမ်တာ မောင်နားလည်ပါတယ်..ဒါမယ့် ကိုကိုခွင့်ပြုပေးပါနော်...မောင် ပြိုင်ချင်လို့ပါ.."

အသနားခံနေသောမျက်နှာလေးနှင့် ခွင့်တောင်းနေသော ရိပေါ်ကိုရှောင်ကျန့်ခွင့်ပြုချင်ပေမယ့် တစ်ခုခုဖြစ်မှာစိုးရိမ်သည့်စိတ်ဖြင့် တားနေရခြင်းဖြစ်သည်...ရိပေါ် ဘယ်လောက်ထိ ဆိုင်ကယ်အပေါ်ရူးသွပ်လည်း သူအသိဆုံး...သို့ပေမယ့် အန္တရယ်များလို့သာ ရှောင်ကျန့်တားနေရခြင်းဖြစ်သည်...နောက်ဆုံးတော့ ရှောင်ကျန့်ဘက်ကသာ လက်နက်ချပြီး အလံဖြူပြလိုက်ရတော့သည်...

Infinity...(Complete)Where stories live. Discover now