Chapter-3(မိသားစု)

5.5K 220 1
                                    

Unicode Ver

(3)မိသားစု

မနက်၈နာရီအချိန်မှာထမင်းစားခန်းမှာလူ၃ယောက်
ရှိနေတယ်အမျိုးသား၂ဦးကထိုင်နေပြီးဒေါ်ယုယကတော့ပန်းကန်ပြင်ပေးနေတယ်

"ယုမနေ့ကပြောတော့အုန်းနို့ခေါက်ဆွဲဆိုခုဘယ်လိုဖြစ်လို့မုန့်ဟင်းခါးဖြစ်သွားရတာလဲ"

"ဟုတ်တယ်အဖေ သားလဲအဲ့တာမေးချင်နေတာ
ညတုန်းကတော့ အမေ့သားလေးကြိုက်တဲ့အုန်းနို့ဆို
ပြီး..."

"တိတ်တော့ ..ငယ်လေးအုန်းနို့ဒီနေ့မစားရတာဘာ
ဖြစ်သွားမှာမို့လို့လဲ"

"ဒါမဲ့အမေကလဲ သား..."

"မစားချင်ရင်မစားနဲ့ ..အပြင်ထွက်ပြီးသွားစား ပိုးလေးစားချင်တယ်ဆိုလို့ချက်ပေးတာ "

"ယု မင်းပြောမှပဲကိုယ်သတိရတယ် ပိုးပိုးဘယ်အချိန်ပြန်လာတာလဲ အဲ့ကောင်မလေးကတော့လေအ
ပြင်မှာတောင်ညအိပ်တတ်နေပြီ သူဘယ်မှာအိပ်တယ်ပြောလဲ"

"သမီးမနေ့က ရတီ့အိမ်မှာပဲ အိပ်လိုက်တာဖေဖေ
ပွဲပြီးတာညအရမ်းမှောင်နေလို့"
ထမင်းစားခန်းထဲဝင်လာတဲ့ပိုးပိုး အောက်ခံအဖြူဂါဝန်ကိုဆွယ်တာအဝါလေးနဲ့သူမ

"ဟုတ်ပါပြီ နောက်တစ်ခါဆို အဖေ့ကိုဖုန်းဆက်ပြောအုံးအဖေရောသမီးအန်တီရော စိတ်ပူနေတာ"

"ဟုတ်ကဲ့"

"ရှင်ကလဲတော်ပါတော့...သမီးစားမယ်မဟုတ်လားအန်တီသေချာချက်ထားတာ ရော့..."

သူမရှေ့ကိုရောက်လာတဲ့မုန့်ဟင်းခါးတစ်ပွဲ သူမတစ်လုပ်စားလိုက်တယ် ဟုတ်ပါတယ်ဒီအရသာ သူမ
လွမ်းနေခဲ့တဲ့အရသာ သူမ ကိုမာ မဖြစ်ခင် အန်တီမသေခင်နောက်ဆုံးစားမိခဲ့တဲ့ဟာ သူမအဆက်မပြတ်စားနေမိတယ်

"သမီး အရသာဘယ်လိုလဲဟင်"

"စားလို့ကောင်းတယ် သမီးအရမ်းကြိုက်တယ်........
.......မေမေ"

"အင်းပါ မေမေနောက်နေ့ချက်ပေးအုံးမယ်နော်"

သူမတို့နှစ်ယောက်ကိုအထူးဆန်းကြည့်နေတဲ့သူ
နှစ်ယောက်ကိုလျစ်လျူရှုပြီးဆက်စားနေလိုက်တယ်

ဦးမြတ်ဟိန်းသူ့သမီးကိုကြည့်ပြီးအံ့ဩနေမိတယ်သမီးကယုကိုအမေလို့ခေါ်လိုက်ပြီပေါ့ ကြည့်ရတာသူမလေးလဲအရွယ်ရောက်လို့နားလည်လာပြီထင်
တယ် ဒီနေ့ကသူ့အတွက်အပျော်ဆုံးပဲ

မေ့မရနိုင်သူWhere stories live. Discover now