မနက်ခင်းအိပ်ယာထဲတွင်..
"မောင်ဒီနေ့ ဘယ်မှမသွားဘူးလား"
"ကျောင်းပိတ်တယ်လေ"
"အရင်ကဆို ပိတ်ရက်လဲထွက်တယ်လေ"
"ဒီနေ့ honey လဲနားတယ်မဟုတ်လား honeyအနားမှာနေချင်လို့"
"မောင်ကတော့ ကြွေနေပါတယ်ဆို ထပ်ခြွေနေပြန်ပြီ"
"မောင်ရော honey ကိုဘယ်လောက်သဘောကျလဲသိလား"
"ဟင်!"
"စတွေ့ကတည်းကသဘောကျတာ"
"ဖြစ်နိုင်လို့လား "
"ညတိုင်းခိုးဖက်ပြီး ခိုးနမ်းနေတာသိလား"
"ဒါကြောင့်ညက အိပ်ချင်မူးတူးနဲ့ လိုက်စမ်းနေတာက "
"ဟုတ်တယ် ညတိုင်းပဲဖက်အိပ်နေကြမို့အကျင့်ပါသွားတာ"
"အဲ့လိုမှန်းသိရင် အစတည်းကမအိပ်ပဲစောင့်နေပါတယ် အွန်း အွန့် ပြွတ်"
ရိပေါ်ကမေးလေးကိုဆွဲကာနမ်းလိုက်တယ်...
:ဒေါက်ဒေါက်ဒေါက်:"Boss ဧည့်သည်ရောက်နေပါတယ် မနေ့ကတည်းက ကြိုချိန်းထားတဲ့လူ"
"ကောင်းပြီဆင်းခဲ့မယ်"
"ကျစ် အေးဆေးကိုမနေရဘူး"
"ခနလေးပါ မောင်ရာယ်"
-----
ရှောင်ကျန့်က သေချာစွာအကျီကိုဝတ်လိုက်ပြီး ဧည့်သည်နဲ့တွေ့ရန်ဆင်းသွားတော့ သူလဲအနောက်မှလိုက်သွားတယ်...ခုံပေါ်မှာခြေထောက်ချိတ်ပြီး ခန့်ညားစွာထိုင်လိုက်တဲ့ ရှောင်ကျန့်က သူ့အောက်မှာ စိတ်လွတ်တဲ့အထိညည်းညူနေတဲ့ လူကြီးဆိုတာဘယ်သူသိမှာလဲ..နူးညံ့တဲ့အပြုံးလေးကလဲ သူ့ရဲ့မူပိုင်မို့ အနည်းငယ်တော့ ဂုဏ်ဆာမိသား....
ဧည့်သည်ဆိုသူဝင်လာတာနဲ့ ရှောင်ကျန့်မျက်နှာကပြောင်းသွားတယ် ..
ဧည့်သည်ကိုရိပေါ်လှမ်းကြည့်လိုက်တော့ Xxကုမဏ္ဏီပိုင်ရှင်သူ့အဖေအရင်ကလုပ်ခဲ့တဲ့နေရာ ထိုသူကရိပေါ်ကို မြင်တော့ အနည်းငယ်လန့်သွားပြီးတစ်ခုခုသဘောပေါက်သွားဟန် ဖြင့်အကြည့်လွှဲလိုက်တယ်
ထိုသူရဲ့ခေါင်းကတစ်ခေါင်းလုံးဖွေးနေပြီး အသက်၆၀ကျော်လောက်ရှိတယ်
YOU ARE READING
Rough! 🔞(Completed)