Episode 10 : : Can you stay?
.........................
တိတ်ဆိတ်လျက် ရှိသည့် အိပ်ခန်းအတွင်းတွင် တစ်စုံတစ်ခုကို တစ်စုံတစ်ခုနှင့် ဆောင့်တိုက်သံ တဒုန်းဒုန်းက စက္ကန့်မလပ် ထွက်ပေါ်နေသည်။
ဒုန်းခနဲ အသံ တစ်ခါ မြည်လျှင် စားပွဲပေါ်မှ စာကြည့်မီးအိမ်က လှုပ်ခနဲ တစ်ခါ ခုန်သည်။
နောက်ထပ် ဒုန်းခနဲ အသံ တစ်ကြိမ် ထပ်ထွက်လျှင် စာကြည့်မီးအိမ်ဘေးရှိ ဘောပင်ခွက်က ၉၀ ဒီဂရီ ညွတ်ကျတော့မယောင် မတည်မငြိမ် တစ်ကြိမ် ထပ်ဖြစ်ရပြန်သည်။
ကျူးလွန်သူက သူ့ နဖူး ဖြစ်ပြီး၊ နစ်နာသူကတော့ သူ့ စာကြည့်စားပွဲ။
နဖူး အရင် ကွဲမလား စာကြည့်စားပွဲ အရင် ပွန်းမလား ဆိုတာကိုတော့ စောင့်ကြည့်မှပဲ သိရမည် ထင်သည်။" K a t a l k "
ဖုန်းထဲ မက်ဆေ့ချ် ဝင်လာသံ ကြားတော့ နဖူးနှင့် စာကြည့်စားပွဲ ထိတိုက်ခြင်းကို ခဏတဖြုတ် ရပ်နားမိသည်။ ကံကောင်းစွာဖြင့် အခုထိ သူ့နဖူး မကွဲသေးသလို စာကြည့်စားပွဲမျက်နှာပြင်လည်း မပွန်းသေး။
မက်ဆေ့ချ် ရောက်လာတာက သူငယ်ချင်းအဖွဲ့၏ Group Chat ဆီမှ ဖြစ်သည်။ မက်ဆေ့ချ်အား Seen မပြဘဲ ဖုန်းကိုပဲ မွေ့ရာပေါ် ဆွဲလွှင့်ပစ်လိုက်သည်။ဒီတစ်ခါတော့ နဖူးနှင့် စားပွဲကို တိုက်ဖို့ ရည်ရွယ်ချက် မပါ။ နွမ်းလျနေပြီ ဖြစ်သော မျက်လုံးအစုံကို တစ်အောင့်လောက် ဖိမှိတ်လို့ စားပွဲပေါ် သူ ဒီအတိုင်း ခေါင်းမှောက်ချမိသည်။
နားထဲက တအူအူ။ သူ့နားထင်သွေးကြောတွေကလည်း တဒိတ်ဒိတ် ခုန်နေသည်။
စောစောက အဖျားတိုင်းစက်နှင့် စမ်းကြည့်တုန်းကတော့ 98.5°F ဟု မြင်သည်မို့ အဖျား ရှိနေတာမျိုးတော့ မဟုတ်လောက်ပေ။" K a t a l k "
" K a t a l k "မွေ့ရာပေါ် ရောက်သွားပြီဖြစ်သည့် ဖုန်းဆီက Message Noti သံတွေ ဆက်ဝင်နေပေမယ့် မကြားချင်ယောင်သာဆောင်ရင်း နေနေလိုက်သည်။ မှောက်ချထားသော ခေါင်းကို ဘေးစောင်းသည့်အခါ ပါးတစ်ဖက်နှင့် ထိကပ်သွားတာက သူ့ရဲ့ Note စာအုပ်အပါးလေး။ စာရွက်တွေကို လျှောက်လှန်ကြည့်တော့ ပထမစာသင်နှစ်၏ အတန်းချိန်များ ရေးမှတ်ထားသည်တို့နှင့် ပေပွ ရှုပ်ထွေးနေသည်။
KAMU SEDANG MEMBACA
Less Ice, More Sugar - Side Story (Completed)
Fiksi Penggemarso, how do you define "love" ?