Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄၄) မင်းရဲ့တပည့်ကို ထုတ်ကြွားရုံသတ်သတ်တော့ မဟုတ်ဘူးမလား?
ထန်ဝူလင်း စမ်းသပ်ခန်းထဲမှ အပြင်သို့ပြန်ထွက်လာသောအခါ သူ၏မျက်နှာမှာ ပျော်ရွှင်မှုများဖြင့်ပြည့်နေသည်။၎င်းက သူအဆင့်(၂)ပန်းပဲပညာရှင်စမ်းသပ်မှုကို အောင်မြင်ခဲ့ခြင်းကြောင့်မဟုတ်သလို ဆရာသခင်နှစ်ယောက်က သူ့ကိုချီကျူးပြောဆိုခဲ့ခြင်းကြောင့်လည်းမဟုတ်ပါဘူး။အဲ့ဒီအစား သူပုံသွင်းခဲ့သော ငွေဖြူရောင်သတ္တုအစိတ်အပိုင်းတစ်ခုမှ ငွေဒင်္ဂါး(၁၀၀၀၀)ကို ရရှိခဲ့သောကြောင့်ဖြစ်သည်။ပန်းပဲပညာရှင်တစ်ယောက်က အခုလိုရှားပါးသတ္တုအမျိုးအစားများကို ပုံသွင်းခြင်းဖြင့် ငွေအလုံအလောက်ကို ရှာဖွေနိုင်သည်။
ကန်ယွဲ့က သူ့ကို ပန်းပဲပညာရှင်အမှတ်တံဆိပ်နှင့် ပန်းပဲပညာအစည်းအရုံးမှ အလုပ်များကိုလက်ခံရန် နောက်နှစ်ရက်နေမှ ပြန်လာခဲ့လို့ ပြောခဲ့သည်။
☀(မန်ထင်!) သူ၏မိတ်ဆွေဟောင်းထံသို့ ခေါ်ဆိုမှုသည် နောက်ဆုံးတွင် ရောက်ရှိသွားခဲ့သည်။
(အင်း!) မန်ထင်၏အသံမှာ သူတို့နောက်ဆုံးအကြိမ် စကားပြောခဲ့တုန်းကလိုပဲ ဘာမှမပြောင်းလဲသွားပေ။
(မင်းဒီလိုရတနာကို ဘယ်ကနေရှာလာခဲ့တာလဲ?) ကန်ယွဲ့က စိတ်မရှည်သောအသံဖြင့် ဝိညဉ်ဆက်သွယ်ရေးစက်ကို စကားပြောလိုက်သည်။မန်ထင်က တဲ့တိုးပြောလိုက်သည်။(မင်းဘာတွေပြောနေတာလဲ?)
(ငါဘယ်သူကိုရည်ညွှန်းပြီး ပြောနေတယ်လို့ မင်းထင်လဲ? မင်းရဲ့ ကိုးနှစ်အရွယ် အဆင့်(၂)တပည့်လေးကိုပေါ့။ ပိုပြီးအံ့အောဖို့ကောင်းတာက သူကငွေဖြူရောင် သတ္တုတုံးကို အသုံးပြုပြီး သတ္တုအစိတ်အပိုင်းတစ်ခုကို ပုံသွင်းနိုင်ခဲ့တယ်။ ဘယ်လောက်တောင် တော်လိုက်တဲ့ကလေးလဲ? သူ့အသက်ငယ်ငယ်လေးနဲ့ဆိုရင် နောက်ထပ်နှစ်အနည်းငယ်လောက် အသေချာလေ့ကျင့်သင်ကြားပေးလိုက်ရင် အကြိမ်တစ်ထောင်သန့်စင်ခြင်းမှာ ဆရာသခင်တစ်ယောက်ဖြစ်လာမှာ အသေချာပဲ။ ဒီလိုဆို ဒီကလေးက အကြီးအကဲအဆင့်ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာဖို့ ဘာအခက်အခဲမှ ရှိလာေတာ့မှာမဟုတ်ဘူး။ မင်းဒီကလေးကို ဘယ်လိုေတွများ လေ့ကျင့်သင်ကြားပေးထားတာလဲ?)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)