နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၆၈)

59 10 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၆၈) မင်းတို့ရဲ့ပြိုင်ဘက်က ငါပဲ

ဝူဇန်ခုံးက ဂူယွဲ့ကို ပြန်လှည့်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။(အနာဂတ်မှာ မင်းက မတူညီတဲ့ ဒြပ်စင်တွေကို ပေါင်းစပ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်။ ငါမင်းရဲ့ သိုင်းဝိညဉ်ကို ဒီနေ့တစ်‌ေန့လံုး ဂရုတစိုက် ပြန်လည်သုံးသပ်ပြီးပြီ။ သဘာဝစွမ်းအင်သိုင်းဝိညဉ်က ဒြပ်စင်အားလုံးနဲ့ လိုက်ဖက်တယ်လို့ ငါကောက်ချက်ချတယ်။ ဒါပေမဲ့ ဝိညဉ်ကွင်းတစ်ခုတည်းနဲ့ ဘယ်ဒြပ်စင်ကိုမှ အဆင့်မြှင့်မပေးနိုင်တာကြောင့် ဒြပ်စင်တွေက သန်မာမှုမရှိဘူး။ မတူညီတဲ့ဒြပ်စင်အမျိုးမျိုးကို ထိန်းချုပ်နိုင်တာက အစပိုင်းမှာတော့ အားသာချက်ရှိလိမ့်မယ်။ ဒါပေမဲ့ အနာဂတ်မှာ မင်းရဲ့ကျင့်ကြံမှုက မြင့်မားလာရင် မင်းရဲ့ဝိညဉ်ပညာရပ်တွေက စွမ်းအားမကြီးမားတာကို တွေ့ရလိမ့်မယ်။ အနာဂတ်မှာ မင်းရရှိမဲ့ ဝိညဉ်ကွင်းတွေက မင်းရဲ့ဒြပ်စင်တွေကို ထိန်းချုပ်ရာ အကူအညီပေးနိုင်ပြီး ဝိညဉ်ခွန်အားကို ပိုမိုအားကောင်းလာစေလိမ့်မယ်။)

(ဒီလိုအခြေအနေမျိုးမှာ မင်းကိုစွမ်းအားကြီးမားလာအောင် ပြုလုပ်ပေးနိုင်မဲ့ နည်းလမ်းတစ်ခုပဲရှိတယ်။ ဒါနည်းလမ်းမှာ မင်းရဲ့ဒြပ်စင်‌ေတွကို ပိုပြီးကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်။ ဒီနည်းလမ်းကို အရင်က တစ်ခါမှမတွေ့ဖူးသေးဘူး။ ဒါပေမဲ့ မင်းက ရှဲရှဲကို ထောင်ခြောက်ဆင်ဖို့ မြေကြီးဒြပ်စင်နဲ့ ရေခဲဒြပ်စင်ကို ပေါင်းစပ်ပြီး အသုံးပြုတာကို တွေ့လိုက်ရတော့ ငါတစ်ခုကို နားလည်သွားတယ်။ မင်းသာ မတူညီတဲ့ ဒြပ်စင်တေွကို ပေါင်းစပ်ပြီး သူတို့ရဲ့ခွန်အားကို ထိန်းချုပ်နိုင်ရင် အနာဂတ်မှာ မင်းက ကမ္ဘာကြီးရဲ့ အထွတ်အထိပ်ကို ရောက်မှာသေချာတယ်။)

ဝူဇန်ခုံးက သူ၏အကဲဖြတ်ချက်မှာ ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန် မပြောခဲ့ပါဘူး။သူက ဂူယွဲ့ကိုအတော်လေး မျှော်မှန်းထားသည်။

(ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်) ဂူယွဲ့က ခေါင်းညိမ့်လိုက်သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now