အိမ်တံခါး လာခေါက်လို့ လီလီကတံခါးထဖွင့်လိုက်ရာ..
"ရိပေါ်...."
"ပါး ရိပေါ်လာတယ်"
"အိမ်မှာလူစုံနေပါလား"
"ဟုတ်တယ် အငယ်ကောင်လဲစာမေးပွဲပြီးပြီလေ နင်ရောဖြေနိုင်လား"
"အင်း"
"သားကြီး မလာစဖူးပါလား"
"သားကွာရှင်းလိုက်ပြီ"
မတုန်လှုပ်တဲ့ဖခင်ကြောင့် ရိပေါ်အံ့ဩသွားတယ်..
"ပါး ဘာမှမဖြစ်ဘူးလား"
"ဘာဖြစ်ရမှာလဲ မင်းလိုလူကဘယ်သူက ကြာကြာခေါ်ထားမှာလဲ မိုက်ရိုင်းဆိုးသွမ်းနေတဲ့လူကို"
"ပါးက အခုကျွန်တော့်ကိုအပြစ်ပြောနေတာလား သူစိမ်းနဲ့ယှဉ်ပြီးတော့တောင်လေ"
"မင်းပဲမဟုတ်တာလုပ်နေတာလေ"
ပါးရဲ့စကားကြောင့် ရိပေါ် လန့်သွားတယ်...
"ကျွန် ကျွန်တော့်အမှားပဲလား ဒါကျွန်တော့်အမှားသေချာရင် ကျွန်တော်ရူးသွားလိမ့်မယ် ပြောပါ ပြောပါ ကျွန်တော့်ကိုပြောပါ ပါးက ဘာလို့သူ့ကိုမှန်တယ်ထင်တာလဲ သားတို့ကို တစ်လလောက်စိတ်ဆင်းရဲအောင်လုပ်ခဲ့တယ်မဟုတ်လားသူက"
တစ်ခါမှ မလုပ်စဖူး ငိုယိုပြီး စကားတွေအများကြီးပြောနေတာကြောင့်..အရင် စိတ်ငြိမ်အောင်လုပ်စေလိုက်တယ်...
"သား ပါးကိုရှင်းပြ ဘာဖြစ်ခဲ့တာလဲ"
"ပါးကိုဒုက္ခပေးလို့ ကျွန်တော်သူ့ကိုနာကျင်စေချင်တာ ဒါပေမယ့်ကျွန်တော်ကပဲနာကျင်နေရတယ်..သူကဘာမှမဖြစ်သလိုပဲ"
"ဒါသူ့မှာ ငါဆိုတဲ့အတ္တစွဲမရှိလို့အေးချမ်းတယ် သားကသူ့ကိုလက်စားချေချင်စိတ်ပြင်းထန်နေပေမယ့် သူ့ဖက်က သားကိုချစ်တဲ့စိတ်နဲ့ပဲပေးဆပ်နေလို့ သားပျော်ရွှင်ပါစေဆိုတဲ့စိတ်နဲ့ သူကဖြည်သိမ့်နိုင်တယ်.."
"ပါး.....ပါးကဘာသိလို့ အဲ့လိုပြောတာလဲ သူ့ကိုမမုန်းဘူးလား"
"ပထမတော့မုန်းတာပေါ့ ကိုယ့်သားကိုယောက်ျားတစ်ယောက်နဲ့ ပေးစားရေတာ့ မှာကို ဒါပေမယ့်နောက်ပိုင်းတော့ ပါးတို့အခက်ခဲတွေသူဖြေရှင်းပေးခဲ့တယ်လေ"
YOU ARE READING
Rough! 🔞(Completed)