၃နှစ်တောင်ပြည့်ပြီ လူကြီးကအရှောင်တိန်းလဲအရမ်းတော်တယ် ကျွန်တော့ကိုသူစီစဉ်ခဲ့တဲ့အကွက်နဲ့ နေသားကျသွားမယ်သူထင်နေတယ်...ရွေးကောက်ပွဲကိုဆက်မပြိုင်တော့ပဲ အနားယူလိုက်တယ်ဆိုတာကလွဲရင်ဘာသတင်းမှ မကြားတော့ဘူး ဒါပေမယ့်ကျွန်တော် မရမကရှာနေဦးမှာပဲ...
-------
အမေရိကမှာ အခြေချလာတာ၃နှစ်ရှိပြီ ကိုယ်ဝါသနာပါတဲ့ မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီးအပူပင်ကင်းကင်းနဲ့ပဲဖြတ်သန်းခဲ့တယ် မောင့်ကိုတော့မေ့လို့မရခဲ့ဘူး မောင်နဲ့ပတ်သတ်တဲ့အမှတ်တရာတွေကိုသိမ်းထားလွန်းလို့ လူစီကစိတ်ပျက်ပြီး လက်ထပ်ပွဲကိုဖျက်သိမ်းခဲ့တယ် မောင်လဲခုလောက်ဆို မိသားစုလေးရှိရင်ရှိ မရှိရင်ချစ်သူရှိနေလောက်ပြီ....
ရှောင်ကျန့်အတွေးတို့နယ်ချဲ့နေ စဉ်မှာပဲ...."ကိုကို အချစ်တွေပြည့်နေတဲ့မုန့်လေးနဲ့ကော်ဖီရမလား"
ရှောင်ကျန့်ပြုံးလိုက်တယ်
* ကလေးမလေးတွေကျောင်းဆင်းချိန်တောင်ရောက်ပြီပဲ..*
သူ့ဆိုင်လေးက ချစ်ဖို့ကောင်းတဲ့ ကလေးမလေးတွေ မပြတ်ပေ....
မုန့်ဆိုင်ကအစ်ကိုကြီးကိုလဲငေးရ ကိတ်မုန့်ကောင်းကောင်းလေးကလဲစားရဆိုတော့ ကလေးမလေးတွေ အကြိုက်တွေ့တာပေါ့...
ညနေရောက်တော့ ဆိုင်လေးပိတ်ပြီး မိုးပြာရောင်စက်ဘီးလေးကိုစီးကာ အိမ်ပြန်လာခဲ့တယ်...အိမ်လေးကတော့ မြက်ခင်းေတွပြည့်တဲ့ တောင်ကုန်းလေးပေါ်မှာမို့ အိမ်နားရောက်တော့ စက်ဘီးလေးကိုတွန်းသွားရတယ်...နေလုံးကြီးကမဝင်သေးတာမို့ အလင်းရောင်တို့ကရှိသေးတယ် လေညှင်းလေးတွေက တအားတိုက်ခတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေတယ် ဆောင်းဝင်ပြီမို့ အအေးဓာတ်လေးနဲနဲရှိနေတယ်..အိမ်လေးကတော့တစ်ထပ်အိမ်ရိုးရိုးလေးပဲဆောက်ထားတယ်အိမ်ထဲမှာမီးလုံးလေးတစ်လုံးသာရှိတာက အရမ်းလင်းတာကြီးတွေသူမကြိုက်တာကြောင့်ဖြစ်တယ်
သူပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်နေလိုက်တော့ လမင်းကြီးကသူ့ကို ပြုံးပြနေတယ် ညရောက်လေ တိတ်ဆိတ်လေဖြစ်တာကြောင့် မောင့်ကိုလွမ်းတဲ့စိတ်က စိုးမိုးလာတယ်......
YOU ARE READING
Rough! 🔞(Completed)