PART 23(Z+U)

1.6K 147 2
                                    

Zawgyi

"အမှောင်ထုထဲ တစ်ယောက်တည်းပုန်းနေစရာ
မလိုတော့ပါချေ"

တံခါးဖွင့်ဖွင့်ချင်း ဆီးကြိုသည်က ဘာမှမမြင်ရလောက်အောင် မည်းမှောင်နေသည့် အမှောင်ထု။
အပေါ်ထပ်နှင့် ဧည့်ခန်းဘက်တွေကလည်း အလင်းရောင်အစအနတောင်မရှိ ပိန်းပိန်းမှောင်လျက်ရှိ၏။

မင်းအဏ္ဏဝါက ဖုန်းမီးဖွင့်လိုက်ပြီး မီးခလုတ်ကိုရှာရန်ခြေအလှမ်း တံခါးဘေးကြမ်းပြင်တွင်နံရံကိုမှီကာ ကျုံ့ကျုံ့လေးထိုင်နေသည့်ရှန်းကိုမြင်လိုက်ရချိန်တွင်တော့ သူ့နှလုံးသာဟာ တစ်စစီကျိုးကြေသွားတော့မတတ်။

ရှန်းမှာ နားတွေကိုလက်ဖဝါးဖြင့်ဖိအုပ်ထားသလို ထောင်ထားသည့်ဒူးခေါင်းလေးတွေပေါ် မျက်နှာဝှက်ထားပြီး ကိုယ်ကိုကျုံ့ထားသည်က အမှောင်ထုထဲတိုးဝင်ပျောက်ကွယ်သွားချင်နေသည့်အလား။

ဒါ့အပြင် သူ့ကိုနှိပ်စက်နေပါသော အတိတ်ပုံရိပ်တွေနှင့်စကားသံတွေဆီကနေ လွတ်မြောက်ရန် ရုန်းကန်နေရသည်မှာလည်း ခက်ခဲပင်ပန်းစွာ။

"အစ်ကို"

ခေါ်လိုက်သည့် မင်းအဏ္ဏဝါ၏အသံမှာ ယူကျုံးမရခြင်းတွေနဲ့စိုးရိမ်မှုတို့ရောယှက်ကာ တုန်ယင်လို့နေ၏။

မင်းအဏ္ဏဝါက ဒူးတစ်ဖက်ထောက်ထိုင်ချပြီး တသိမ့်သိမ့်တုန်နေသည့်ပခုံးလေးတွေကနေ ဖွဖွဆုပ်ကိုင်ကာ ကျုံ့ကျုံ့လေးထိုင်နေသူကို သူ့ရင်ခွင်ထဲထည့်ဖက်ထားလိုက်ရင်း ကျောပြင်ပြေပြေလေးကို ပွတ်ပေးနေလေသည်။

အခုအချိန် သူကိုယ်တိုင်သူ့စိတ်ကိုငြိမ်အောင်မလုပ်နိုင်သေးသည့်ရှန်းကို ထပ်ပြီးဖိအားတွေမဖြစ်စေလို၍ မင်းအဏ္ဏဝါက ဘာမှအတင်းအကြပ်ထပ်မမေးဖြစ်။

သို့ပေမယ့် ရှန်းကို ရေစိုနေသည့်အတိုင်းအကြာကြီးမထားနိုင်တော့၍ မင်းအဏ္ဏဝါကဖက်ထားသည်ကိုလွှတ်လိုက်ပြီး မီးသွားဖွင့်လိုက်သည်။

ပြီးနောက် ရှန်းရှေ့မှာ ပြန်ထိုင်လိုက်ပြီး နားကိုပိတ်အုပ်ထားသောရှန်း၏လက်တွေပေါ် ထပ်အုပ်ကိုင်လိုက်သည်။

"My Only One" ✔️Where stories live. Discover now