Chapter-4(ရှာဖွေခြင်း)

5.1K 210 1
                                    

Unicode Ver
(4)ရှာဖွေခြင်း

ည၈နာရီအချိန်

~Ring.......ring ~
"ဟယ်လို"

"ဟဲ့ပိုးပိုးမြတ်... နင်မနေ့ကဘယ်အချိန်ပြန်သွားတာလဲ ငါ့ကိုတောင်မနှုတ်ဆက်သွားဘူး"

"Sorryပါ ရတီရယ်...နင်လဲအလုပ်ရှုပ်နေတာနဲ့လာမပြောတော့တာ.. အော်ပြီးတော့ငါ့အဖေမေးရင်ငါ့နင့်အိမ်မှာအိပ်တယ်ပြောပေးဦး "

"အေးပါပြောပေး.....ဟမ်နေပါအုံး နင်မနေ့ဘယ်မှာအိပ်တာလဲ"

"ငါမနေ့ကအိပ်မပြန်ချင်တာနဲ့ ..ဟိုတယ်မှာပဲအိပ်လိုက်တာ ငါအဖေကိုမပြောချင်တာနဲ့နင့်အိမ်မှာ အိပ်တယ်ပဲပြောလိုက်တာ"

"အေးပါ ငါပြောလိုက်ပါ့မယ် ဒါနဲ့နင် နင့်ရဲ့ရှားလေးနဲ့အဆင်ပြေရဲ့လား ငါနင်တို့ကိုတစ်ဝိုင်းတည်းနေရာချထားပေးတယ်လေ ဘယ်လိုလဲငါတော်တယ်
မဟုတ်လား..ဟီးဟီး"

သူမနဲ့ပြောနေတာကသူမရဲ့အချစ်ဆုံးသူငယ်ချင်း
ရတီမိုးမြင့်
'မြင့်မိုရ်'Entertainment ရဲ့သမီးငယ်
အသက်၇နှစ်ထဲကအတွဲညီခဲ့တာခုချိန်ထိပဲပေါ့သူမကလဲစီးပွါးရေးတတိယနှစ်ပဲ ပြီးတော့ ပိုးပိုးသဘောကျတဲ့ကိုရှားနဲ့လဲသူကပဲ နီးဆက်အောင်လုပ်ပေးနေတာ
အရင်ဘဝတုန်းကတခြားသူတွေရဲ့စကားကိုယုံပြီး
တော့ကိုယ့်အပေါ်မှာအကောင်းဆုံးသူငယ်ချင်းကို
အဆက်ဖြတ်အပုတ်ချခဲ့တယ် ဒါမဲ့ကိုယ်တကယ်
ကျရှုံးချိန်မှာသူမကပဲ ကိုယ့်ကိုဖေးမပေးခဲ့တာ
ရတီ့စကားကိုသာနားထောင်ပြီး မမိုက်မဲခဲ့ရင် အရာရာအဆင်ပြေနေခဲ့လိမ့်မလား
ခုချိန်မှာတော့ သူမကသူ့ကိုပြန် စောင့်ရှေက်ပေးမှာ

"ရတီ ငါသူ့ကိုထပ်မချစ်တော့ဘူးဟ"
"ငါ့သူ့ကိုမေ့နိုင်အောင်ကြိုးစားတော့မှာ"

"ဟမ်...ပိုးပိုးဘာဖြစ်လို့လဲဟင် အဲ့အကောင်နင့်ကို
ချိန်းခြောက်လို့လား ရိုက်လို့လားဟင်"

"မဟုတ်ပါဘူးဟာ ငါအခုတကယ်နားလည်သွားပြီ"
"အချစ်ဆိုတာလုပ်ယူလို့မရဘူးဟ ..ငါ့ကိုမချစ်နိုင်ပါဘူးလို့ပြောထားတဲ့သူနားမှာ ငါကဘာလို့အတင်းတွယ်ကပ်နေမှာလဲဟ ငါ့မှာငါ့ကိုချစ်ပေးတဲ့မိသားစု
ရယ်နင်ရယ်ရှိနေတာပဲလေ ဟုတ်တယ်မဟုတ်လား"

မေ့မရနိုင်သူWhere stories live. Discover now