XII. ( Unicode )

3.4K 482 13
                                    


"ဝမ်...ဝမ်ရိပေါ်"

ရှောင်းကျန့်ရဲ့ခေါ်သံကိုတောင် အာရုံမရတော့သလို ဝမ်ရိပေါ်က တစ်စိုက်မတ်မတ်နမ်းနေတယ်။ နှုတ်ခမ်းပါးတွေကို အားမရသလို တစ်ချက်ချက်ကိုက်သေးတာ။ ရှောင်းကျန့် ရင်တွေခုန်နေတာများ ပေါက်ထွက်တော့မလိုပဲ။

သိပ်မကြာပါဘူး။ရှောင်းကျန့်ရဲ့အံ့သြနေဟန်မျက်ဝန်းတို့ကလည်း တစ်ခဏအတွင်းမှာမှိတ်ကျသွားပြီး ရိပေါ်ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါလာတယ်။

ရှောင်းကျန့်ရဲ့တုံ့ပြန်လာမှုကြောင့် ဝမ်ရိပေါ်ရဲ့ မျက်လွှာကလေး ဖွင့်ဟလာတယ်။ အနမ်းတွေကိုတော့အဆက်မပြတ်စေရ။

ရိပေါ်တကယ်မယုံနိုင်သေးဘူး။ ရှောင်းကျန့်က သူ့အနမ်းကိုတုံ့ပြန်နေတယ်။ အနီးကပ်မြင်ရတဲ့ ရှောင်းကျန့်မျက်နှာအစိတ်အပိုင်းတွေက အလှဆုံးပဲ။ သူရှောင်းကျန့်ကို အပိုင်လိုချင်တယ်။

ရှောင်းကျန့်သာ သူ့ကိုငြင်းလိုက်ရင် နောက်ဆက်တွဲကိုသူမစဉ်းစားရဲဘူး။ သူထပ်ပြီးလောဘတက်မိပြန်ပြီ။

ရုတ်တစ်ရက် ဝမ်ရိပေါ်ရဲ့အနမ်းတွေရပ်သွားတဲ့အခါ ရှောင်းကျန်ကလည်း ရိပေါ်ကို ငုံ့ကြည့်လာတယ်။ ဖွင့်ဟနေတဲ့ရိပေါ်ရဲ့မျက်ဝန်းတွေကိုမြင်တဲ့အခါ ရှောင်းကျန့်က လက်ရှိအခြေအနေကိုသတိရသွားတယ်။

ရိပေါ်ကိုယ်ပေါကနေအမြန် ကုန်းရုန်းထလို့ ခပ်လှမ်းလှမ်းမှာသွားရပ်တယ်။ ရိပေါ်ကလည်း အခုမှအသိဝင်သလို လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။

ဒီလောက်ထိန်းထားတဲ့ကြားက ရှောင်းကျန့်စိတ်ရှုပ်အောင်များလုပ်မိလေသလားဆိုတဲ့ စိုးရိမ်စိတ်တွေကလည်း အလုံးအရင်းဝင်ရောက်လာတယ်။

"ရှောင်းကျန့်"

"........"

ရှောင်းကျန့်က စကားမပြန်ဘူး။

"ငါ...ငါ"

"ခင်ဗျားကိုစိတ်ရှုပ်အောင်လုပ်မိသွားပြီလား"

ရိပေါ်ရဲ့ မဝံမရဲမေးခွန်းကိုကြားတော့ ရှောင်းကျန့်ရဲ့တစ်ကိုယ်လုံးဟာ ရေခဲရေနဲ့လောင်းခံလိုက်ရသလို တောင့်တင်းသွားတယ်။

JUST ANOTHER BOY [ Completed ]Where stories live. Discover now