Poi-ve ( Short Story )

38 9 1
                                    

[Zawgyi]
လေပြင်းထန်စွာ တိုက်ခတ်နေသော လွင်ပြင်ကျယ်ကြီးတွင် မြင်ပင်ရိုင်းတို့က အငမ်းမရ တိုးဝှေ့နေကြသည်။ သူ၏ ရင်ထဲတွင်လည်း နှလုံးခုန်သံတို့ မြန်နေသည်။ သူ၏ မျက်ကြည်လွှာအစုံတွင် ပြာလဲ့လဲ့အရောင်တို့က လွှမ်းမိုးနေသည်။ တိမ်ကင်းစင်သော ကောင်းကင်ကြီးကို စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။

လေတိုက်ရာအရပ်ကို ဆန့်ကျင်ကာ ရပ်နေမိသော ခန္ဓာကိုယ်တစ်ခု။ ဖြူလွှလွှအဝတ်အစားများက လေပြင်းကြောင့် စုတ်ပြဲတော့မယောင် ထင်ရသည်။ ပိန်လှီနေသော သူသည် လေတိုးတိုင်း ယိမ်းတော့မည့် မြက်ပင်ရိုင်းလေးပမာ ဖြစ်နေသည်။

စတစ်အင်္ကျီအဖြူကို လက်ခေါက်တင်ထားသည်။ လည်တိုင်ကျော့ကျော့လေးကတော့ ပြစ်ချင်တစ်စုံတစ်ရာမရှိ ကြည့်ကောင်းလှသည်။ အ‌ကြောစိမ်းလေးများ ပေါ်နေသော လက်အစုံက တစ်စုံတစ်ခုကို ကိုင်ထားသည်။ ဆေးရောင်ခြယ်မထားသော ကြွေအိုးလေးက တုန်ရီနေသော လက်ထဲမှ လွတ်ကျလုနီးပါး။

မျက်ဝန်းအစုံမှ ပုလဲရည်တို့ ရစ်ဝိုင်းနေသည်။ ပြာလဲ့လဲ့ကောင်းကင်ပေါ်မှ တိမ်တိုက်လေးများပမာဖြစ်သည်။ ပန်းရောင်သမ်းနေသော နှုတ်ခမ်းများ ပျောက်ကွယ်ကာ ခြောက်သွေ့ဖြူလွှနေသော အရာနှစ်ခုက အစားထိုးထားသည်။ ခပ်ချွန်ချွန်နှာခေါင်းလေး၏ ထိပ်မှာ ရဲတဲတဲဖြစ်နေသည်။

သူရောက်နေသည့်‌ နေရာက မြို့ပြ၏ အဆုံးရှိ လွင်ပြင်ကျယ်ကြီး။ လွင်ပြင်ကျယ်ကြီး အဆုံးတွင်တော့ ပင်လယ်ပြာပြာ။ ပင်လယ်ပြာပြာ၏ အဆုံးတွင် လွင်ပြင်ကျယ်ကြီးပဲ ဖြစ်နေမလား၊ သို့တည်းမဟုတ် အရာအားလုံး၏ အဆုံးသတ်ဖြစ်မည်လား။ မြက်ပင်ရိုင်းများ၏ အလွန်၊ သောင်ပြင်ပေါ်တွင် သူ အထီးတည်း ရပ်နေမိသည်။

ငေးငိုင်၍ ရပ်နေမိသည်မှာ မည်မျှကြာပြီနည်း၊ သူ မသိပါချေ။ "မင်းသာ မရှိတော့ရင် ကိုယ် ရပ်တည်နိုင်လိမ့်မယ်မဟုတ်ဘူး။" ဟု သူ့ကို ပြောဖူးခဲ့သည်။ သို့သော် ယခု ကမ္ဘာကြီးပေါ်တွင် သူ ရပ်နေမိသည်မလား။ ပြာအိုးလေးထဲမှ သူကရော သူ့ကို စိတ်ကျေနပ်ပါ့မလား၊ သူ မ‌တွေးတတ်။

ဖြူဖွေးလှသော သူ၏ အသားအရေပင်လျှင် နေလောင်၍ နီရဲလာပြီ။ မျက်လုံးအစုံလည်း ကျိန်းစပ်နေပြီ။ ရဲရဲတောက် ပူလောင်နေသော နေမင်းကြီးသည်ပင် ပင်လယ်ပြာ၏ အဆုံးသို့ တရိပ်ရိပ် တိုးဝင်နေသည်။ ထိုအဆုံးသည် ဆိတ်ငြိမ်ရာအရပ်ဖြစ်၍လော၊ ချစ်ရသူတို့ စောင့်စားနေသော ဗိမ္မာန်တစ်ခုဖြစ်၍လော။

You've reached the end of published parts.

⏰ Last updated: Mar 19, 2024 ⏰

Add this story to your Library to get notified about new parts!

Poi-ve ( Love Poison )Where stories live. Discover now