Admitting

304 48 1
                                    

"နူနာ ဒီမှာ.."
အဝေးကနေ လက်ယက်ခေါ်နေတဲ့ ဟိုအကောင်
ငထယ်~

နေ့လည်ကတည်းက အတင်းကို ဖုန်းတွေဆက်ပြီး ပြန်လာတော့မှာလား ပြန်လာတော့မှာလားနဲ့ တကျွတ်ကျွတ်မေးနေတာ
အခုလည်း အစောကြီးစောင့်နေတဲ့ပုံပါပဲ~

"အစောကြီးရောက်နေတာလား"
သူမဆီရောက်တာနဲ့ လက်ထဲက အထုပ်ကိုယူလိုက်သော ထယ်ယောင်းကို ယောင်းအူမေးလိုက်လေသည်။

"အင်းလေ နူနာက ကျွန်တော့်ကို စောင့်မှာမဟုတ်တော့ ကျွန်တော်ပဲစောင့်ရတာပေါ့"

"သိရင်ပြီးတာပဲ"
ရွဲ့ပြီးပြောလိုက်သော ယောင်းအူကို မျက်စိတစ်ဖက်မှိတ်ပြရင်း သိတယ်လေ ဆိုသောအထာနဲ့ ပြောင်နေသေးသည်။

"ဒါနဲ့ ထယ် ..mask မတပ်ဘူးလား
ငါတော့ ခေါင်းကြီးပိုင်းမှာ ပါတော့မှာပဲ"
ရုတ်တရက် ဦးထုပ်သာ ဆောင်းထားပြီး maskမတပ်ထားသည်ကို သတိရသွားပြီး ထယ်ယောင်းကို ပြောတော့လည်း အဲ့အကောင်က ပြုံးစိစိနဲ့
"သတင်းထွက်တော့လည်း ကောင်းတာပေါ့တဲ့"

တကယ်ကို ပြောလို့မရတဲ့သူပါလေ~

ထို့နောက် သူနဲ့ ဝေးဝေးကနေရှောင်ပြီး ပြေးထွက်လာသော်လည်း နောက်ကနေ အတင်းအော်ခေါ်နေလေရဲ့..
စိတ်ညစ်ပါတယ် ဒီကောင်လေးနဲ့တော့~

...

"ထယ်.. ခဏရပ်ပေး"
ထယ်ယောင်းက အိမ်ပြန်လိုက်ပို့ပေးမယ်ဆိုသောကြောင့် ထယ်ယောင်းရဲ့ကားနဲ့ အိမ်ကိုပြန်နေရင်း လမ်းတစ်ဝက်တွင် သူမရဲ့ အာရုံကို လှမ်းစားလိုက်သော အရာတစ်ခုကြောင့် ထယ်ယောင်းအား ကားကို ရပ်ခိုင်းလိုက်သည်။

"ဘာလို့လဲ နူနာ"

ညခုနှစ်နာရီလောက်ရှိပြီဖြစ်တာကြောင့် ထယ်ယောင်းက ညစာစားရန် သူမကို စားသောက်ဆိုင်မှာသွားစားမယ်ပြောထားတာမို့ ထယ်ယောင်းက သူမအား အလိုမကျဟန် မေးလာသည်။

"ခဏလေး ရပ်ပေးပါဟ ကျော်သွားတော့မယ် ဟို ဘေးနားချလိုက်နော် ကားကို"

ယောင်းအူ လက်ညှိုးထိုးပြတဲ့နေရာကို ထယ်ယောင်း ကားချပေးလိုက်တာနဲ့ အတင်းပြေးဆင်းသွားတဲ့ ယောင်းအူကြောင့် ထယ်ယောင်းလည်း ကားပေါ်မှ အလျင်အမြန်ဆင်းလာလိုက်သည်။

Stolen SweetheartWhere stories live. Discover now