part 37

1.2K 51 0
                                    

Unicode

သံသာအိပ်ယာနိုးလာတော့ မရင်းနှီးသည့် အိပ်ယာ အခန်း မျက်နှာကျက်တို့က သံသာ့ကို စီးကြိုနေသည်

အိပ်ယာက မရင်းနှီးလို့သာ ညကအိပ်ကောင်းသည်မှာ တစ်ရေးမှမနိုးပေ

ဘယ်ကိုရောက်နေတာလဲသိဖို့ အခန်းပြင်ကို ထွက်လာလိုက်သည်

အနက်ရောင်စိုနေသည့် sofa နှင့် မှန်စားပွဲဝိုင်းလေးရှိသည့် ဧည့်ခန်းတွင် ဘယ်သူ့ဓာတ်ပုံမှမရှိဘဲ ရှုခင်းပုံတစ်ချို့ကိုသာ ချိတ်ဆွဲထားသည်

တံခါးမကြီးကလည်း ပိတ်ထားသည်

တံခါးမကြီးကို ပိတ်ထားရုံသာမက ပြူတင်းပေါက်များကိုပါ ပိတ်ထားကာ အမှောင်ပါချထားတော့ အပြင်ကို မမြင်ရ

ပြူတင်းပေါက်တစ်ခုကို ဖွင့်ဖို့ကြိုးစားနေစဥ် ကျောချမ်းလာသည် တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလိုမျိိုး

အနောက်ကို လှည့်ကြည့်လိုက်တော့ ခွက်တစ်ခွက်ကိုကိုင်ကာ ကိုကြီးအာကာက ရပ်နေသည်

သံသာ စကားစပြောဖို့လုပ်တော့ အသံတွေမတုန်အောင် မနည်းထိန်းထားရသည်

'' ကိုကြီး ''

'' morning ညီ နိုးတာကြာပီလား ''

မထင်မှတ်ထားပါဘဲ ထက်အာကာရဲ့ မြူးမြူးကြွကြွနှုတ်ဆက်သံကို သံသာကြားလိုက်ရသည်

'' မကြာသေးဘူး ကိုကြီး
​ကိုကြီးကို လိုက်ရှာနေတာလေ ''

ထက်အာကာကမ်းပေးတဲ့ coffee ခွက်ကို သံသာယူလိုက်သည်

'' မနက်ခင်းဆို ဒီမှာက အေးတယ်ညီ ပြူတင်းပေါက်တွေမဖွင့်လိုက်နဲ့ လေအေးတွေဝင်လာလိမ့်မယ် ညီ့အတွက်ပါ ညီရယ် ညီက နှာစေးလွယ်တယ်လေ ''

ပြောပီး ခေါင်းကို လာပုတ်နေသော ထက်အာကာရဲ့လက်အောက်မှာ သံသာငြိမ်နေရသည်

သွားတိုက်ရင်း သံသာဘာလုပ်ရမလဲ တွေးနေမိသည်

လောလောဆယ်တော့ ကိုကြီး နဲ့ အဆင်ပြေအောင်နေရမည်

ပီးရင် အခုဘယ်ရောက်နေတာလဲ စုံစမ်းရမည်

ပီးရင်တော့ အိမ်ကို ph ဆက်နိုင်အောင် ကြိုးစားရမည်

သော ( completed)Onde histórias criam vida. Descubra agora