ယခုလက်ရှိ ဆရာလုနေထိုင်ရာခြံဝန်းကို ဝမ်ရှုအိမ်တော်ဟုခေါ်၏ ။ တည်နေရာက နောက်ဖက်ခြမ်းမှာ ဇီးပန်းပင်များရှိရာတောအုပ်ရှိတာကြောင့် ဆိတ်ငြိမ်အေးချမ်းသည် ။ အဆောက်အအုံများတည်ဆောက်ထားပုံကလည်း တော်တော်လေး အမြင်ရှိပြီး ထိုနေရာတဝိုက်ကို အစိမ်းရောင်ဝါးများဖြင့်ပြုလုပ်ထားစေတာဖြစ်သည် ။ ထို့ကြောင့် ထိုနေရာမှရှိနေလျှင် ထူးထူးခြားခြားစိတ်အေးချမ်းခြင်းကိုခံစားရစေနိုင်သည် ။
အခုချိန်က ဇီးပန်းပွင့်သည့်အချိန်ဖြစ်တာကြောင့် ခြံထဲကဇီးပန်းပင်တိုင်းလိုလိုမှာ နီရဲတောက်ပသည့်ဇီးပန်းပွင့်များ နေရာတိုင်းမှာပွင့်လန်းလျက်ရှိသည် ။ တိုက်ခိုက်လာသည့်လေတောင်မှ ဇီးပန်းနံ့များလှိုင်လှိုင်သင်းနေလေ၏ ။ မြင်ရသည့်မြင်ကွင်းမှာ အလွန်တရာမှလှပကျက်သရေရှိပြီး ကြော့ရှင်းနေတာကြောင့် ဝူရှင်းကျီမှာဆွဲဆောင်ခြင်း ခံလိုက်ရသည် ။
ဒီနေရာလေးက ဆရာလု၏အသွင်နှင့်အလွန်ကိုက်ညီသည် ။ သူက စာပေပညာရှင်တယောက်ဖြစ်ပြီး သွယ်လျသော ကိုယ်နေဟန်ထား ၊ ဖြူဖျော့သည့်အသားအရေနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတာကိုအမှတ်ရသည် ။ သူက ရှင်းသန့်သည့်နွေဦးလေပြေကဲ့သို့ လရောင်ရဲ့အေးချမ်းသည့်ရောင်ခြည်ကဲ့သို့ လူတယောက်ရဲ့အမြင်အာရုံမှာထွန်းလင်း တောက်ပနေစေပြီး တစုံတဦးရဲ့နှလုံးသားထဲမမေ့ပျောက်နိုင်အောင်စူးနစ်သွားစေသည် ။
ကွမ်းရှန်ကျင်းရဲ့ဆရာဖြစ်သည့် လူကြီးမင်းလုက ကျိန်းသေကိုအသက်အရွယ်ကမငယ်တော့ပါချေ ။ သို့သော်လည်း သူက ငယ်ရွယ်ပုံပေါက်နေပြီး အသက်၂၀၀န်းကျင်ခန့်ရှိသည့်လူငယ်လေးလိုရှိနေဆဲပင် ။
ဟွားရှုက ဝူရှင်းကျီကရပ်တန့်လိုက်ပြီး တောအုပ်လေးဖက်ဆီကို ငေးမောနေတာကိုသတိထားမိသွားသည် ။ သူ့မျက်လုံးထဲက စိတ်အနှောက်အယှက်ဖြစ်မှုတွေကိုမဖုံးကွယ်နိုင်ပဲ သူကခေါင်းကိုငုံ့လိုက်ပြီးပြောလိုက်သည် ။ " တဆိတ်လောက် လူကြီးမင်းဝူ ... လူကြီးမင်းလုရဲ့အစားစားချိန်ကနောက်ကျလို့မရလို့ ကျွန်တော့်နောက်က ထပ်ကြပ်မကွာလိုက်ခဲ့စေချင်တယ် "
ВЫ ЧИТАЕТЕ
မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )
ЮморStory Title မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) Type Web Novel (CN) Genre Comedy , Romance , Yaoi Author Hei Dan Bai English Translators Crd to Vipnovel E transalator Status ...