Unicode Ver
(5)ဟန်ဆောင်မှုပိုးပိုးကားပါကင်နေရာထိုးပြီးအတန်းဘက်လျှောက်လာခဲ့တယ် သူမကိုလူတွေကြည့်နေတာသတိထားမိတယ် ဘာလို့လဲဆိုတာလဲသူမသိတယ်
အရင်တုန်းကဆိုသူမက သူထိုင်နေကြဆိုင်မှာသွားစောင့်တဲ့သူ၊သူ့ကားနားမှာမရ ရအောင်ပါကင်ထိုးတယ် ပြီးတော့မြန်မာအကျီကို သရုပ်ပျက်အောင်ဝတ်တဲ့သူ၊ရွှေအိုရောင်ဆံပင်ကောက်တွေနဲ့နီရဲနေတဲ့နှုတ်ခမ်းနီဆိုးတတ်တဲ့သူလေ..အခုသူမကတော့ လုံခြုံတဲ့ဝမ်းဆက်ပန်းနုရောင်ကိုမှ ကတ္တီပါဖိနပ်ပါးအမဲရောင်လေးကိုဝတ်ထားတယ်
ဖြောင့်ဖြူးမဲနက်ပြီးခါးလယ်ရောက်နေတဲ့ဆံပင်ကို
စည်းနှောင်ထားတယ် ၊ နီရဲနေတဲ့နှုတ်ခမ်းနီနေရာမှာ
ပန်းနုရောင်နှုတ်ခမ်းတွေအစားထိုးလိုက်တော့သူမရဲ့မျက်နှာကိုပိုကြည်လင်သွားစေတယ်လေသူတို့တွေအထူးဆန်းဆုံးကတော့သူမလေးက သူမရှေ့တည့်တည့်မှာလမ်းလျှောက်နေတဲ့ ရှားမှူးစစ်ကိုမြင်တာတောင် လှည့်မကြည့်ဘဲ ဆက်လျှောက်နေတာကိုပဲ
"ဒါငါတို့သိတဲ့ နောက်ပိုးမ မှဟုတ်ရဲ့လား""ဟွန့်...ဘာအကွက်တွေရွှေ့နေပြန်တာလဲမှမသိတာ"
"ငါတို့မင်းသားလေးက သူ့ကိုမကြိုက်ဘူးဆို့လို့
ရှက်ပြီး မာန်တက်ပြနေတာနေမှာပေါ့""#€%£#£*}£*#€£......"
ရှားမှူးစစ်လဲ အဲ့ကောင်မလေးကိုမျက်ခုံးပင့်ကြည့်မိတယ် သူအစကတစ်ခြားတစ်ယောက်ထင်နေတာ
သူမကိုအတင်းပြောနေတာကို ဂရုမစိုက်တဲ့ပုံစံနဲ့
သူဘဲစိတ်ထင်တာလားမသိဘူး သူမကတကယ်
ပြောင်းလဲသွားတယ် အရင်ကထက်ပိုပြီး ရဲရင့်လာတယ်
'စိတ်ဝင်စားစရာပဲ......'"ပိုးပိုးငါဒီမှာ"
သူမအခန်းထဲဝင်တော့သူမကိုလှမ်းခေါ်တဲ့ ရတီ
"ပိုးပိုးရယ် နင်တော်တော်လှတယ်သိလား..ခုလေငါတို့ Eco group မှာနင့်အကြောင်းတွေဘဲ သိလား
ကြည့်ရတာငါမိတ်ဆက်ပေးတဲ့ Stylist ကအဆင်
ပြေတယ်မဟုတ်လား ""အင်း တော်တော်အဆင်ပြေတယ် ကျေးဇူးပါ"
"မလိုပါဘူးဟာ ..နင်လုပ်ချင်တာကိုငါက အမြဲတမ်းထောက်ပံ့နေမှာပါဟ
ပြီးတော့လေ နင်တကယ်...သူ့ကို မကြိုက်တော့တာလား.."
YOU ARE READING
မေ့မရနိုင်သူ
Storie d'amoreသစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာပေါ့... သစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာတော့.......