" ပတ်ချယ်ယောင်း "
ကျောခိုင်းသွားတော့မဲ့ ယောင်းငယ်လေးရဲ့ခြေလှမ်းတွေကို မော့မကြည့်ဘဲ
သူအသံပြုလိုက်သည်။တုံခနဲ့ရပ်သွားတဲ့ ခြေလှမ်းတွေအောက်
သွေးစက်တွေလား။
ပတ်ချယ်ယောင်း!တဲ့
ကဗျာကယာ အပြုးတုတစ်ခုနှုတ်ခမ်းပေါ်
ချိတ်ဆွဲလိုက်သည်။"ရှင့်..... မမ ယောင်းကိုခိုင်းစရာရှိသေးလား
အော် ဒါနဲ့ ဟိုဘက် Shopping Mall က
လက်မှတ်ထိုးစရာ စာရွက်တွေရှိတယ်ဆို
ယောင်း သွားယူပေးရမလား "" မလိုဘူး။သူ တို့ကိုလာပို့ခိုင်းထားတယ်။
မင်းက ဒို့ ပေးထားတဲ့ ဖိုင်တွဲဘဲ
လက်မှတ်မထိုးရသေးတဲ့ စာရွက်တွေ
ကျန်သေးလားဘဲပြန်စစ်ပေး "ယောင်းငယ်ကိုသူဘေးနားအကြာကြီးရှိနေစေချင်တာမို့ လက်မှတ်ထိုးတဲ့ဖိုင်တွဲပြန်စစ်ခိုင်းလိုက်သည်။
လွှဲချော်နေတဲ့အတ္တတွေဟာ ပေါက်ကွဲ
ထွက်တော့မဲ့မီးတောင်ပမာ။မမ ကဒို့တဲ့!လား
ယောင်း က မင်းတဲ့!လား
တစ်စုံတစ်ရာကို အတင်းဝါးမြိုချလိုက်သည်။
ပြသာနာကဘာလဲဆိုတာ သူတွေးမရ။
ခုတလော အကြောင်းအရင်းက ဘာမှရေရေရာရာမဟုတ်ပါဘဲ၊မကြာခဏ ကတောက်ကဆ
လေးတြွေဖစ်လာကြတယ်။" မမ နေ့လည်စာဘာစားကြမလဲ.."
တကယ်တော့ မမ နဲ့နေ့လည်စာစားမဲ့
အစီအစဉ် သူမှာမရှိ။
ဒါပေမယ့် ရာသီဥတုနဲ့ လိုက်လျောစွာ
ကုန်းဆင်းလိုက်သည်။သို့သော်........" ဒို့ မင်းနဲ့ နေ့လည်စာ စားရလောက်အောင်
ဒို့ အားမနေဘူး။ ဒို့စားတာ မစားတာလဲ
မင်းအပူမပါဘူး။
အဲဒီ စာရင်းတွေစစ်လို့ပြီးရင် မင်းသွားနိုင်ပြီ။
ညနေ လာမကြိုနဲ့ Mr- Kung လာကြိုလိမ့်မယ်.."" အင်း.... "
အင်း!တဲ့လား?
ဘာလို့ ဘာကြောင့်လဲလို့တစ်ခွန်းမှ
မမေးရတာလဲ။
အဲဒီလူကြီးက မမ ကိုပိုးပန်းနေတဲ့လူဆိုတာ
ယောင်းငယ် တကယ်မသိတာလား!!
အခုလိုအေးစက်သွားတာဟာ မမရဲ့အချစ်တွေပိုင်ဆိုင်သွားပြီမို့စွန့်ခွာသွားချင်တဲ့သဘောလား
ယောင်းငယ် စွန့်ခွာသွားမယ်ဆိုရင် မမ က
Jen လိုမျိုးရူးသွတ်ကျန်နေမှာမဟုတ်ဘူး။
ယောင်းကိုလွှတ်လပ်စွာပျံသန်းခွင့်ပေးလိုက်မယ်!!
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။