ရှောင်ကျန့် ကလေးငယ် နေကောင်းသွားသည်နှင့် အန်ကယ် ၀မ် နဲ့ အန်တီ ရှိရာ အုတ်ဂူတွေ ဆီကို ကလေးငယ်ကို ခေါ်လာခဲ့သည်။ အန်ကယ်၀မ်နဲ့ အန်တီရဲ့ အုတ်ဂူ အတူရှိနေရခြင်းကတော့ အန်တီက ထိုလိုဆန္ဒရှိမယ်ဆိုတာ သူထင်၍ အန်တီကို အန်ကယ်၀မ်ရဲ့ ဘေးနား မြှပ်နှံပေးထားခြင်းသာ။
ကလေးငယ်က သူ့မားမားဆီရောက်လျှင် ငိုကြွေးလိမ့်မယ်လို့ ရှောင်ကျန့် ထင်ထားခဲ့ပေမဲ့ သူ့အထင်နဲ့ ကွဲလွဲစွာပင် ကလေးငယ်က သူ့ပါးနဲ့ မားကို ဂါရ၀ ပြုပြီးတာနဲ့ တည်ကြည်နေတဲ့ မျက်နှာထားလေးနဲ့ ဂူပေါ်က သူ့မားမားပုံလေးကို ငေးကြည့်နေလေရဲ့။ ရှောင်ကျန့်ကတော့ သူ့မားမားရှိရာကို ငေးနေတဲ့ကလေးငယ်ကိုသာ ငေးကြည့်နေမိသည်။
ငေးကြည့်နေတာ အတန်ကြာပြီးမှ ကလေးငယ်ဆီက ထွက်လာတဲ့ စကားသံ~
" ခုမှ မားမားဆီလာမိလို့ သားသားတောင်းပန်ပါတယ်နော် မားမား သားသားကို စိတ်မဆိုးပါနဲ့နော် ... ခုဆို မားမားက ပါးပါးနဲ့ တူတူပျော်နေလောက်ပြီပေါ့နော် မားမားတို့က မကောင်းဘူး သားသားကိုကျ တယောက်တည်းထားခဲ့ပြီး သူတို့ကျ တူတူ ပျော်နေကြတယ်"
သူ့မားမားအုတ်ဂူလေးကို ကြည့်လိုက် ဘေးက သူ့ပါးပါး အုတ်ဂူလေးကို ကြည့်လိုက်နဲ့ ပြောနေရှာတဲ့ မျက်၀န်းတွေရဲရဲနဲ့ ကလေးငယ်က ငိုချင်တာတွေအတင်းထိန်းချုပ်နေမှန်းသိသာသည်။
" ဒါပေမဲ့ မားမားပျော်ရင် သားသားကလဲပျော်တာမို့ အဲ့ဒါကြောင့်မို့ မားမား သားသားကို စိတ်ပူပြီး ငိုမနေရဘူးနော် သားသားလဲ နောက်ဆို မငိုတော့ဘူးနော် သိလား မားမားဖြစ်စေချင်သလို ကိုကိုနဲ့ မားနဲ့ပါး တို့ စကားနားထောင်တဲ့ လိမ္မာတဲ့ကလေးလေးလုပ်မယ် လို့ သားသားက မားမားကို ကတိပေးတယ်နော် မားမားသိလား ကိုကိုကလဲ သားသားကို ချစ်တယ် ပြီးတော့ ကိုကို့ပါးပါးနဲ့ မားမားတို့ကလဲ သားသားကို အားရီးချစ်တာမို့ မားမားက သားသား တွက် စိတ်မပူရတော့ဘူးနော်"
မငိုမိစေရန် အတင်းထိန်းချုပ်ပြီး သူ့ကို စိတ်မပူရန်ပြောနေတဲ့ ကလေးငယ်က ရှောင်ကျန့်ရင်အစုံ ကိုနာကျင်စေတယ်။
ŞİMDİ OKUDUĞUN
Born To Love You 💞
Hayran Kurguနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...