ဆေးရုံက ရှောင်ကျန့်ကိုထားတဲ့အခန်းထဲကို ရိပေါ်ဝင်လိုက်တော့...ကုတင်ပေါ်မှာဆေးပိုက်သွင်းကာလှဲလျှောင်းနေတဲ့ရှောင်ကျန့်ကို တွေ့လိုက်ရတယ်...တဖြည်းဖြည်းချင်းအနားတိုးလာပြီး သူအရုပ်ကြိုးပြတ်ဒူးထောက်ချလိုက်တယ်....
"Honey!"
ဖြူနုနုလည်ပင်းမှာ လက်ချောင်းရာတွေကအညိုရောင်ဖက်သန်းနေတယ် ပါးတစ်ဖက်လဲယောင်ပြီး နုတ်ခမ်းဒေါင့်စွန်းမှာဒဏ်ရာ လေးနဲ့...ရိပေါ်ကြည့်နေရင်းနဲ့ အသားတွေတဆက်ဆက်တုန်ပြီး ဒေါသတွေထွက်လာတယ်..
ထိုစဉ် ရဲတွေနဲ့ ဆရာဝင်တွေရောက်လာပြီး
ဒေါက်တာကြီးဆီမှအသံထွက်လာတယ်...."လူနာက......"
"မပြောပါနဲ့ မပြောပါနဲ့ ကျွန် ကျွန်တော် နားထောင်ဖို့ အင်းအားမရှိလို့ပါ သူ သူအသက်တော့ရှင်မယ်မဟုတ်လား"
"အသက်အန္တာရာယ်တော့မစိုးရိမ်ရပါဘူး အရမ်းမစိုးရိမ်ပါနဲ့"
"မောင်!"
ရှောင်ကျန့်နိုးလာတော့ ရိပေါ်ကလက်ကလေးတွေကိုဆုပ်ကိုင်လိုက်ပြီး...
"မောင်ရှိတယ် မောင်ရှိတယ် တောင်းပန်ပါတယ် "
"ခနလောက်ဖယ်ပေးပါ လူနာကိုစမ်းသပ်လိုက်ဦးမယ်"
ဆရာဝန်ကသေချာစမ်းသပ်ပြီးနောက်...
"ရဲမှူးကြီးအပြင်ခနထွက်ပေးပါ လူနာရှင်နဲ့မိသားစုကိုမှာစရာလေးရှိလို့"
----
"တစ်လလောက်အနားယူလိုက်ရင်ကောင်းသွားမှာပါ..ပြီးတော့ ဘာတော်လဲမသိဘူး""ကျွန်တော့် ခင်ပွန်းပါ"
"ဒါဆို ညအိပ်ညတာကိစ္စတွေ တစ်လလောက်ရှောင်ပေးပါ လူနာကအစာအိမ်နဲ့အူပါထိခိုက်မိထားတော့ သေချာဂရုစိုက်ရမယ်"
"ဟုတ် ဟုတ်ကဲ့"
ဆရာဝန်ထွက်သွားတော့ ရိပေါ်ကရှောင်ကျန့်ကိုဖက်ပြီး တရှုံ့ရှုံ့ငိုတယ်....
"ရိပေါ် ငါ...."
"မပြောနဲ့ မကြားချင်ဘူး ဒီတိုင်းဖက်ထားပါရစေ"
ခဏလောက်ရိပေါ်ငြိမ်သွားပြီး.....
"ဘယ်သူလဲ ကျွန်တော့်ယောက်ျားကိုထိတာဘယ်သူလဲ"
YOU ARE READING
Rough! 🔞(Completed)