Epilogue ( Unicode )

6.7K 653 102
                                    

"ငါ...ငါအိမ်ပြန်ရမယ်"

ရှောင်းကျန့်ရဲ့ စကားကြောင့်ရိပေါ်က တုံ့ပြန်မှုကင်းမဲ့သွားတယ်။

"ပါးကတော့ ဘာမှမပြောပေမဲ့ မားကိုတော့ ငါကိုယ်တိုင်နားချမှရမှာ"

"...."

"အဲ့ဒါကြောင့်...."

ဝမ်ရိပေါ်က ရှောင်ကျန့်စကားကြောင့် အကြောတွေတုံ့ဆိုင်းသွားသလိုပဲ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။

အခုရှောင်းကျန့်က အိမ်ပြန်မယ်လို့ပြောလိုက်တာ။ သူ့အမေကိုသွားတွေ့မှာ...

ဒီလိုနဲ့ပြန်မလာတော့ရင်ရော...

မွေးရပ်မြေဖြစ်တဲ့ တရုတ်ပြည်မှာပဲ ပျော်သွားရင်ရော...

ဒါမှမဟုတ် ရှောင်းကျန့်အိမ်က ပြန်မလွှတ်တော့ရင်ရော...

ရှောင်းကျန့်က သူ့ဆီကနေထွက်သွားတော့မှာလား?

ရိပေါ် ရင်ဘတ်တစ်ခုလုံး အကြားအလပ်မရှိနာကျင်နေတယ်။ အသက်ရှူ လို့တောင်မဝတော့သလိုပဲ။

သူ ဒီအခြေအနေကို မမျှော်လင့်ထားသေးဘူး။ ဒီအခြေအနေအတွက်လည်း ဘာမှမပြင်ဆင်ရသေးဘူး။ ပါးပြင်ပေါ်မှာ မျက်ရည်စတွေကအသီးသီးနေရာယူလာတဲ့အခါ ရိပေါ်ကဖိသုတ်လိုက်တယ်။

"ရိပေါ်"

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့မျက်ရည်တွေကိုမြင်တဲ့အခါ စိုးထိတ်သွားတယ်။ ဝမ်ရိပေါ် အဲ့လောက်ထိ အထိအခိုက်လွယ်မှန်းသူမသိဘူး။ ဒီကိစ္စက ဖြေရှင်းလို့ရမှာပါ။

ဒါပေမဲ့ ဝမ်ရိပေါ်က အရမ်းကိုကြေကွဲနေတဲ့ပုံပေါ်တာကြောင့် ရှောင်းကျန့်က ဝမ်းနည်းလာတယ်။

"ရိပေါ်"

ရိပေါ်က ဘာစကားမှမဆိုပဲ ရှောင်းကျန့်ရှေ့ကနေ မပြေးရုံတမယ် ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတယ်။

"ရိပေါ်"

ရှောင်းကျန့်ရဲ့ခေါ်သံကြားပေမဲ့ ရိပေါ်ကနောက်လှည့်မကြည့်ဖြစ်ဘူး။ သူတကယ် ဘာစကားမှမပြောနိုင်တော့ဘူး။
အခုချိန်မှာ ရှောင်းကျန့်နဲ့ရှိနေရင် သူဘယ်ကိုမှပေးသွားဖြစ်မှာမဟုတ်ဘူး။ ဆုံးဖြတ်ချက်အမှားတွေပဲချမိလိမ့်မယ်။ ဒီလိုနဲ့ ရှောင်ကျန့်နဲ့သူ ပိုဝေးသွားလို့မဖြစ်ဘူး။

JUST ANOTHER BOY [ Completed ]Where stories live. Discover now