Unicode Ver
(6)တွေ့ဆုံခြင်းSamurai sushi ဆိုင်ထဲဝင်လာတဲ့မိန်းကလေးတစ်ဦး
ဆိုင်က၂ထပ်ရှိပြီးအပေါ်ကနေအောက်ကိုမြင်နိုင်တဲ့ပုံစံမျိုးရှိတယ်(#ထပ်ခိုးသဘောမျိုးပြောတာပါ)"ကြိုဆိုပါတယ် ရှင်"
"ဘယ်နှစ်ခုံစာလိုချင်ပါလဲရှင်""ကြိုချိန်းထားတာပါ..ဒေါ်ယုယနွယ်နာမည်နဲ့ပါ"
"ဒီဘက်ကိုကြွပါရှင်..."
ပိုးပိုး စားပွဲထိုးမလေး ပြရာနေရာမှာထိုင်လိုက်တယ်
'နေရာကောင်းလေးပဲ အပြင်ကိုလဲမြင်ရတယ်'"ဘာမှာမလဲရှင့်"
"လောလောဆယ်ရေတစ်ခွက်ပဲချပေးပါ...လူတစ်
ယောက်ကျန်သေးလို့"အပြင်ဘက်ကိုငေးကြည့်မိတယ် သူမပြန်ရှင်သန်လာတာ၁၀ရက်ရှိပြီ နေ့ရက်တိုင်းကတော့ပုံမှန်လည်ပတ်
နေတာပါဘဲ ကျောင်းကလူတွေလဲသူမကို အရင်ကထက်ပိုအလေးပေးလာကြတယ် အိမ်ကလူတွေနဲ့လဲအဆင်ပြေလာတယ် အိမ်ကစီးပွါးရေးကိစ္စတွေလဲအရင်ကလိုမဖြစ်လာနိုင်တော့ဘူး မပြောင်းလဲသေးတာကတော့ သူ့ကို မမေ့နိုင်သေးတာတစ်ခုပဲရှိတယ်အိမ်ကလူတွေကလဲသူမကသူ့ကိုမကြိုက်တော့ပါဘူးလဲဆိုရော blind date တွေ့ဖို့စီစဉ်ပေးကြတယ်
ဘယ်သူဆိုတာသိနေတော့လဲ သူမလဲတွေ့ဖို့ခေါင်း
ငြိမ့်လိုက်တော့တယ်လေ"ပိုး......ရောက်နေတာကြာပြီလား"
"ကိုယ်နောက်ကျသွားရင် Sorry ပါကွာ""ကိုဦး မနောက်ကျပါဘူး ပိုးကစောနေတာပါ "
"ဘာလို့ရေပဲမှာထားတာလဲ တစ်ခုခုမှာလိုက်တော့လေ...waiter"
"ပိုးပိုးဘာစားမလဲ အားမနာနဲ့နော် ကိုဦးကျွေးပါ့မယ်""ကဲ ကိုဦးပြောနေမှတော့ မငြင်းတော့ပါဘူးရှင်......
အမကို sushi set 1 ပွဲလတ်ပေး ...ကိုဦးရော""အကို့ကိုလဲ အဲ့တာပဲပေးပါ"
"ပိုးအခုတလော ကုမ္ပဏီမှာ ဝိုင်းကူပေးနေတယ်ဆို
ကို့ကို အန်တီလေးပြောတယ်""နည်းနည်းပါးပါးဘဲကူတာပါ "
"ကဲကိုဦး...လက်ကိုပဲဖိမနေနဲ့ လက်လဲကျိုးသွားအုံးမယ် ပြောစရာရှိတာပြောပါ"
YOU ARE READING
မေ့မရနိုင်သူ
Lãng mạnသစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာပေါ့... သစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာတော့.......