Zawgyi
"အပေါ်ထပ်ကလူနှစ်ယောက်ကတော့လေ...
တကယ်ပါပဲ..."အတော်ကြာသည်အထိ တစ်ဖက်လူကဘာလှုပ်ရှားမှုမှမရှိတာကြောင့်ရှန်းက မျက်လုံးလေးတွေကို အသာဖွင့်ကြည့်တော့ သူ့ကိုအုပ်မိုးထားကာ မျက်နှာတစ်ဝိုက် စုံချည်ဆန်ချည် ငုံ့ကြည့်နေသည့် နင့်နင့်နဲနဲအကြည့်တွေနဲ့ဆုံ၏။
ဖြောင့်စင်းသည့်မျက်တောင်တို့အောက်ရှိ ငြိမ်နေသည့်မျက်ဝန်းတို့က မက်မက်မောမော တစ်ခုခုကိုတောင်းဆိုနေသလိုဖြစ်လို့နေပြီး မျက်တောင်ပင်မခတ်စတမ်း သူ၏မျက်လုံး၊ ပါးပြင်တွေနှင့် နှုတ်ခမ်းတွေဆီဖြန့်ကျက်နေသည့် အကြည့်တွေကလည်း ညှို့ငင်အားတွေနဲ့ ဖြားယောင်းနေသယောင်မို့ ရှန်းမှာဘယ်လိုတုံ့ပြန်ရမလဲစဉ်းစားနေရင်း ခြေဖျားလက်ဖျားတွေတောင်အေးချင်လာသလိုလို။
ဒါ့အပြင် ယောက်ျားပီသပြီးဆွဲဆောင်မှုရှိသည့် ပြယုဂ်တစ်ခုဖြစ်သော လည်စေ့ထင်းထင်းမှာလည်း အထက်အောက်လှုပ်ရှားနေသည်က နှစ်ကြိမ် သုံးကြိမ်။
"မင်းအဏ္ဏဝါ ဖယ်တော့"
ရှန်းက မင်းအဏ္ဏဝါ၏ အကြည့်တွေကိုရှောင်လိုက်ကာ စောင်အလုံးလေးထဲကနေ လူးလွန့်ရင်း ထနိုင်ဖို့ကြိုးစားလေသည်။
"အစ်ကို့ကိုလန့်စေတဲ့အထိမဖြစ်အောင် ကျွန်တော့်ကိုယ်ကျွန်တော်ထိန်းပါမယ်"
မင်းအဏ္ဏဝါက ရှန်းကိုကတိပေးသလို ပြောပြလာပြီး ခေါင်းငိုက်လိုက်သည်က တစ်စုံတစ်ရာကို လိုချင်တောင့်တနေပေမယ့် ဖြေသိမ့်ပြီး စိတ်ကိုလျှော့လိုက်သည့်ပုံ။
သို့ပေမယ့် မကြာလိုက်။ နှုတ်ခမ်းထောင့်ဘေးတွေမှာအချိုင့်ရာတွေပေါ်သည်အထိ ကြည့်ကောင်းလှသည့်အပြုံးနှင့် ခေါင်းပြန်မော့လာပြီး
"ဒါပေမယ့် တစ်ခါလောက်နမ်းချင်သေးလို့"
ခွင့်တောင်းတယ်လည်းမဟုတ်၊ တောင်းဆိုတယ်လည်းမဟုတ်... သူလုပ်ချင်တာကို ပြောပြီးတယ်ဆိုရင်ပဲ ရှန်း၏နှုတ်ခမ်းတွေဆီ ဖိကပ်နမ်းလာသည်မှာ နွေးကနဲ။
ရှန်းမှာတော့ အံ့သြတာရော အမြင်ကပ်တာတွေပါ ရောလာနေပြီမို့ မျက်မှောင်ကိုကျုံ့ထားရင်း ပြောလာသည့်စကားသံက ခပ်တင်းတင်း။

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...