Chapter-47

337 54 4
                                    

Unicode Version

အရှေ့ဘက်မှာ မလှုပ်မယှက်ဒူးထောက်နေတဲ့လူတစ်ယောက်ကိုကြည့်ပြီး လျှိုကျစ်ဖန်ရဲ့ မျက်လုံးထဲဒေါသမီးတွေတောက်လောင်နေသည်။သူဘယ်နှကြိမ် ဘယ်နှခါပင် 'တောက်'ခေါက်ပြီးပြီလဲ မမှတ်မိတော့ပေ။ဘယ်လိုလူမျိုးက သူ့ကိုအခုလို ဒဲ့တိုးစိန်ခေါ်ရဲရတာလဲ။

ခဏကြာတော့ ထိုအခန်းထဲကို ပုံမှန်ခြေလှမ်းနဲ့ လျှောက်ဝင်လာသူရှိသည်။ထိုသူက လျှိုကျစ်ဖန်ရှေ့မှာ မလှုပ်မယှက် ဒူးထောက်နေတဲ့ သူအားသေချာစူးစမ်းနေပြီးနောက်မှာ ပြုံး၍ ခြေထောက်နဲ့အသာအယာလေးကန်ချလိုက်သည်။ထိုသူမှာ တခါထဲမတ်မတ်ရပ်ထိုင်နေခြင်းမရှိတော့ဘဲ မြေကြီးပေါ်လဲကျသွားလေတော့သည်။

သူ 'ကျစ် 'တစ်ချက်ဆုပ်သပ်မိပြီးပြောလာသည်။

"အသုံးမကျလိုက်တာ! "

ထိုအခါ လျိုကျစ်ဖန်က ထိုင်နေရာက သူတို့ဆီလျှောက်လာသည်။

"လီတိုက်ခွမ်း..မင်းဘယ်လိုငါ့ကိုဖြေရှင်းချက်ပေးမလဲ ..မင်းအသုံးမကျလို့ အခုလိုဖြစ်ရတာပဲ "

လီတိုက်ခွမ်းကတစ်ချက်ငြိမ်သက်သွားပြီး 'ဪ'လို့ အသံပြုလိုက်သည်။နောက်ဆုံးတော့ သူရည်မှန်းချက်တွေက ပြီးမြောက်လုနီးပါးဖြစ်နေခဲ့ပြီ။ကုန်းကျွင်းကိုလည်း ရှင်းပစ်နိုင်သွားပြီမို့ အတိတ်ကအကြွေးတွေကထားပါတော့ လျှိုကျစ်ဖန်အတွက်ကတော့ ...။

"ကျွန်တော့်မှာ ဖြေရှင်းချက်ပေးစရာမရှိပါဘူး...အဲ့အစား ဘယ်သူကပိုအသုံးမကျလဲ ကြည့်ရအောင် "

သူ့စကားတာနဲ့ သူ့ကိုနောက်ကျောပေးရပ်နေတဲ့ လျှိုကျစ်ဖန်ဆီအား ဓါးမြှောင်တစ်ချောင်းနဲ့ တစ်ချက်ထဲ အဆုံးသတ်ပေးလိုက်တော့သည်။လျှိုကျစ်ဖန်က ဒဏ်ရာကချက်ခြင်းလဲကျသွားတာ ပါးစပ်ကလည်း သွေးတဗွက်ဗွက်အန်ပြီး အံ့ဩခြင်းအပြည့်ဖြင့် လီတိုက်ခွမ်းအား လက်ညှိုးတစ်ထိုးထိုးဖြင့် မျက်လုံးပြူးကြည့်နေတော့သည်။

"မင်း! မင်း .."

"အခုလိုလုပ်လိုက်ရလို့ စိတ်မကောင်းပါဘူး..ခင်ဗျားရဲ့ ကျန်တဲ့ပစ္စည်းဥစ္စာတွေကို ကျွန်‌တော်ကောင်းကောင်းထိန်းသိမ်းပေးပါ့မယ် "

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ