Episode (24)

209 9 0
                                    

Uni#

ဒိုင်း.....။ ထွက်လာသောသေနတ်သံ၏အနောက်တွင် ချိတ်ထားသော လက်ထိပ်တို့က ပျက်ကျသွားသည်။ လက်ထိပ်ပျက်ကျသွားပီး ဆောက်တည်ရာမရပဲ ရုတ်တရက်ပြေးထသွားသော ဟိန်းဇေကို လူသုံးယောက်လောက် ဝိုင်းကာချုပ်ထားရသေးသည်။ မျက်နှာကြီးနီရဲပီး ဒေါသတွေထွက်လိုက် ငိုလိုက် အော်ဟစ်လိုက်ဖြစ်နေသော ဟိန်းဇေကိုကြည့်ပီး သူတို့နှစ်ယောက်ရဲ့ မသိစိတ်ကပတ်သတ်မှုကို မိမိတောင်မြင်နေရသည်။ ဟိန်းဇေအနားသို့သွားလိုက်ကာ ရုန်းကန်နေသော မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။

''တော်ပီ...ဟိန်းဇေ...!! Jhonဘာမှမဖစ်ဘူးဆိုတာ ငါယုံတယ်...။ ငါ သူ့ကို ရအောင်ရှာမယ်...'' oliver၏မျက်ဝန်းတို့က တိကျပြတ်သားစွာပြောနေပေမဲ့ အဖြစ်အပျက်ကို မြင်လိုက်ရသည်မို့ လက်မခံပေ။

''အခုရှာမှရမယ်...အီး....ဟီးဟီး...သူ့...သူ့မှာ ဓားဒဏ်ရာကော သေနတ်ဒဏ်ရာပါ.... ပါ.....ပါသွားတာ...။အခုမှမရှာရင် သွေးထွက်လွန်...တော့..မယ်..ဟင့်...''

''အခုသွားရှာနေတယ်...နော်....နော်လို့...ငါလဲ သူ့ကို အဆုံးရှုံးမခံနိုင်ဘူး...''

''ကျစ်!'' ခေါင်းကိုဖိနိုပ်ရင်း နှုတ်ခမ်းမှ ထွက်နေသော သွေးစတို့ကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ မင်းစက်နှင့် တိုက်ခိုက်ထားရသည်ကြောင့် အင်အားက သိပ်မရှိချင်။ သောင်ပြင်ကို အားပြု၍ မတ်တပ်ရပ်လာသည်။ စိုရွဲနေသော အဝတ်အစားတို့ဖြင့် wisonနိုးလာသည်ကို မြင်တော့

''မင်းကို သတ်မယ်...ခွေးသတောင်းစား!!!!'' wisonကို မြင်တိုင်း ဒေါသတို့ထွက်လာရသည်။ သွားထိုးမယ်ဆိုပီး အတင်းရုန်းကန်နေသည်မို့ မနည်းထိန်းနေရသည်။

''အဟက်! ဘယ်လိုလဲ သေ...''

ဖြန်း.........!!!!!! ပါးပြင်ပေါ်ရောက်လာသော လက်ဝါး၏ရိုက်ချက်သံက ကျယ်လောင်စွာဖြင့်။ လှည့်ထွက်သွားသော မျက်နှာနှင့် ရဲသော ပါးပြင်တို့က တစ်ဖက်သူ၏ မုန်းတီးမှုတို့အတိုင်းသား။

''Jhonဒီလိုဖစ်သွားတာကို ပျော်နေတယ်လား?''

ရဲတွတ်သောပါးပြင်ကို လက်ဖြင့်ကိုင်ရင်း oliverကို ကြည့်လာသည်။

The love on you💜Where stories live. Discover now