Chapter-7(အမုန်း)

4.9K 207 1
                                    

Unicode

(7)အမုန်း

ကျောင်းဝင်းအတွင်းရှိကန်တင်းတစ်ခုထဲမှာ
"ဟဲ့ ကလျာ ဘာဖြစ်နေတာလဲ မှိုင်နေတာပဲ"

"ဟဟ...အဲ့ဟာမအသဲကွဲနေတာလေ သုတ"

"ဟမ် သူကဘယ်တုန်းကရည်းစားရှိလို့တုန်း"

"ဘယ်ကသာ သူတို့ကသာကြိတ်crushနေတာ ဟိုကသိမှာတောင်မဟုတ်ဘူး"
"ဟို Gluta ကတစ်ယောက်လေ"

"Traveling ကတစ်ယောက်မဟုတ်လားဘာဖြစ်လို့လဲ"

"ဟိုကလက်ထက်တော့မယ်တဲ့လေ"

"ဟမ် ဟုတ်လို့လား သတင်းတွေလဲမတွေ့မိပါဘူး
စုမြတ် နင်တို့ကဘယ်ကသိတာလဲ ဟုတ်ရောဟုတ်ရဲ့လား"

"ငါငိုချင်နေတာနော်..အဟင့်...တကယ်ပါဆို ငါ့အဒေါ်ကGolden ကုမ္ပဏီနဲ့အလုပ်တွဲလုပ်နေတာလေ.."

"ဟဲ့golden နဲ့ နင့်ဟာကဘာဆိုင်လို့လဲ"

"အော် သူပြောတာဆုံးအောင်နားထောင်စမ်းပါ
စည်သူရယ်"

"မနေ့ကငါ့အဒေါ်က အလုပ်ပိတ်ရက်မှာအေးဆေးစကားပြောချင်လို့ Golden အိမ်သွားလည်တယ်ဟာ
ငါလဲလိုက်သွားတယ် ဟိုမှာစကားတွေဘာတွေပြောပြီး ခဏလောက်နေတော့ငါ့မင်းသားလေး မိသားစုလိုက်ရောက်လာကြတယ် ငါလဲအစကဒီ
တိုင်းလာလည်တယ်ထင်နေတာ"
"ခဏနေတော့ ပိုးပိုးမြတ်ကအိမ်ပေါ်ကဆင်းလာ
တယ်ဟာ အဲ့ချိန်မှာ အန်တီကေသီ ကဘယ်လိုခေါ်
တယ်ထင်လဲ...ချွေးမလေးတဲ့လေ"
"ပြီးတော့ငါတို့ကိုလာဖိတ်နေသေးတယ်လေ သားနဲ့သမီးကိုနေရာချထားတော့မှာတဲ့သမီးလေးစားမေးပွဲ
ပြီးရင်စီစဉ်တော့မှာတဲ့လေ"
"ကိုရဲထွဋ်ဦး ဆိုတာပြုံးဖြီးနေတာပဲဟယ် ..အဟင့်
ငါ့မင်းသားလေးတော့ပါသွားပြီ"

"နင်ပြောမှပဲ ပိုးပိုးမြတ်ကတော်တော် ပြောင်းလဲသွားတယ်နော် ပိုပြီးတော့လဲလှလာသလိုပဲ"

"အဟင့်.....အဟင့်"

သုတလဲပြောလိုက်ရောပိုငိုပါလေရော
ထိုင်နေတဲ့ထဲကလူ၄ယောက်လဲသူမငိုနေတာကိုသာကြည့်နေလိုက်တော့တယ်
၁ယောက်သောသူကတော့ မျက်မှောင်ကြုတ်ပြီး
စဉ်းစားနေတယ်

ရှားမှူး သူလဲသူ့ကိုယ့်သူဘာဖြစ်နေမှန်းမသိဘူး အခုတလောအဲ့ကောင်မလေးကိုပဲတွေးမိနေတယ် ဟိုနေ့ကလဲသူနဲ့တိုက်မိသေးတယ် "sorry "တစ်ခွန်းထဲပြောပြီးထွက်သွားတယ် သူမဘာလို့အဲ့လောက်
ပြောင်းလဲသွားလဲသူစဉ်းစားမရ

မေ့မရနိုင်သူWhere stories live. Discover now