(သီချင်းနားထောင်ရင်း ဖတ်တတ်တဲ့
သူတွေက ဒီficလေးကိုဖတ်တိုင်း backgroundသီချင်းအနေနဲ့
Lee Hiရဲ့ ONLYကို နားထောင်ကြပါ)🍂
အရိပ်ကောင်းသည့် သစ်ပင်အုပ်ကြီး၏အောက်တွင် လူထိုင်ဖို့အတွက်
ခုံတန်းရှည်တစ်ခု ရှိနေသည်။
ရှေ့က လယ်ကွင်းပြင်တွေကို
မျက်နှာမူကာ လုပ်ထားလေသည်။
လီဆာ့စိတ်ကို ဖမ်းစားနိုင်တဲ့
မြင်ကွင်းမျိုးဆိုပေမဲ့ ထိုခုံ၌
ထိုင်နေသည့် ကောင်မလေးက
ပို၍စိတ်ဝင်စားစရာကောင်းသည်။
အချိန်တစ်ခုအကြာထိ
ထိုကောင်မလေးကို မနီးမဝေးတစ်နေရာမှ လီဆာရပ်ကြည့်နေခဲ့သည်။
ခဏကြာမှ ထိုမြင်ကွင်းအား
ဓာတ်ပုံရိုက်ဖို့ကို သတိရသည်။
ဓာတ်ပုံရိုက်ဖို့ပြင်ကာမှ
ဖလင်ကကုန်နေတာကြောင့်
အလုပ်မဖြစ်တော့။
ဒီရွာကို ရောက်လာကတည်းက
မျက်စိထဲသဘောကျမိသမျှကို တောက်လျှောက်ရိုက်လာခဲ့၍
ကုန်သွားခြင်းဖြစ်မည်။"ဒီမှာထိုင်လို့ရမလား"
"ဒီနေရာကို ကျွန်မမပိုင်ပါဘူး
ရှင်ကြိုက်တဲ့နေရာ ထိုင်လို့ရပါတယ်"ထိုကောင်မလေးဆီက ခွင့်ပြုချက်
ရသည်နှင့် ထိုင်ခုံ၏အစွန်း၌
ထိုင်လိုက်ရင်း သူမကို
လီဆာ မသိမသာကြည့်လိုက်သည်။
သူမဝတ်ထားသည်ကား ပန်းပွင့်
ပန်းခက်လေးတွေ အပြည့်ပါပြီးလက်ကောက်ဝတ်နဲ့ခြေသလုံးထိ
ရှည်တဲ့ဂါဝန်အဖြူခပ်ဖျော့ဖျော့။
ခေတ်ဆန်တာမျိုးမဟုတ်ပဲ
1990ခေတ်တွေထဲက အနောက်တိုင်းအမျိုးသမီးတွေဝတ်တဲ့
ဂါဝန်အရှည်မျိုးဖြစ်ပုံပေါ်သည်။
ကျောလယ်ထိရှည်သည့် အနက်ရောင်
ဆံနွယ်များရှိသည်။
သူမက သိပ်ကိုလှလွန်းသည်။
သီချင်းဟောင်း ခေတ်ဟောင်း
ကင်မရာဟောင်းတွေကို
သဘောကျတတ်တဲ့ လီဆာ့အဖို့
နယ်ရွာလေးတစ်ရွာမှာ ဒီလိုကောင်မလေးမျိုးကိုတွေ့ရတာ
အထူးအဆန်းဖြစ်နေသည်။
ထိုကောင်မလေးရဲ့အကြည့်တွေက
ဝင်းဝါနေတဲ့ စပါးခင်းတွေဆီသာ ရောက်နေမှန်း စတွေ့ကတည်းက သတိထားမိသည်။အခုလည်း
သူမကလီဆာ့ကို တစ်ချက်မှမကြည့်။
YOU ARE READING
LABENDEO
Fanfiction"မျက်လုံးတွေကို မှိတ်ထားရင်လေ အနားမှာလီဆာရှိတယ်လို့ပဲ ခံစားနေရတာ လွမ်းတယ် လီဆာ အရမ်းလွမ်းတာပဲ"