"Royal"
မျက်နှာချင်းဆိုင်မှာထိုင်နေသောသူရခေါ်သံကြောင့်
အပြင်းစားအရက်သောက်နေရင်းမှသူမော့ကြည့်လိုက်တော့
သူရက သူ့နောက်ကျောဘက်ကိုမေးငေါ့ပြလာလေသည်။
နောက်လှည့်ကြည့်လိုက်ဟု သဘောဆောင်သည်ပင်။Barဖြစ်သည့်အလျောက်တီးလုံးသံတွေကဆူပူနေ၏။
လူများတဲ့နေရာမကြိုက်သူတွေအဖို့တော့ barကမလာသင့်
တဲ့နေရာ ထိပ်ဆုံးစာရင်းဝင်သည်။အကြောင်းပြချက်က
လူအရမ်းရှုပ်လို့။ဒီနေရာကိုလာတဲ့မိန်းကလေးအများစု
ကတော့ တစ်ကိုယ်လုံးလုံခြုံအောင်ဝတ်ထားသည့်Lady
ဆိုတာ ခပ်ရှားရှားပင်။"နောက်လှည့်ကြည့်လိုက် Royal"
ခုနကသူမေးငေါ့ပြတာကိုလှည့်မကြည့်လို့ထင် သူရက
ပါးစပ်ကနေဖွင့်ပြောလာ၏။သူ့ကို လှည့်ကြည့်စေချင်ပုံ
အတော်ပေါက်နေတဲ့သူရကြောင့် လက်ထဲကအရက်ခွက်ကို
ချကာ အသာလှည့်ကြည့်လိုက်သည်။သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေတဲ့ မိန်းမလှလေး။နှုတ်ခမ်းနီရဲရဲ
ဆိုးထားတဲ့နှုတ်ခမ်းလေးက သူလှည့်ကြည့်တာမြင်တော့
အပေါ်သို့အနည်းငယ်ကွေးတက်သွားကာ ပြုံးပြလာလေသည်။နှုတ်ခမ်းနီရောင်နှင့်လိုက်ဖက်စွာ
အနီရောင်ကိုယ်ကျပ်အင်္ကျီကိုဝတ်ဆင်ထား၍ လှပတဲ့
ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကို ထင်းထင်းလင်းလင်းမြင်ရသည်။ဝတ်ထားတဲ့ကိုယ်ကျပ်အင်္ကျီ က ပေါင်အလယ်လောက်သာ
ဖြစ်၍ သူမရဲ့သေးသွယ်ရှည်လျားတဲ့ပေါင်တံလေးတွေကို
ဖုံးကွယ်ထားခြင်းမရှိပေ။အတိုခြုံး၍ပြောရလျှင်
သူမက အရိုင်းဆန်စွာလှပသည်ပင်။မြောက်များလှစွာသောအမျိုးသားထုရဲ့အမြင်မှာ
သူမဟာ အရိုင်းဆန်စွာလှပသော်ငြား Royalရဲ့မျက်လုံးထဲ
မှာတော့ သူမအလှကသာမာန်ပင်။တစ်ချက်သာလှည့်ကြည့်ပြီး အရက်သာပြန်သောက်နေလိုက်
၏။"ကောင်မလေးအပေါ် အဲ့လောက်ထိမရက်စက်ပါနဲ့လားကွာ"
"ဒါဆို မင်းကြိုက်လိုက်"
သူရထက်နိုင်က Royalနောက်ကျောကိုစူးစိုက်ကြည့်နေတုန်းဖြစ်တဲ့
မိန်းမလှလေးအား သနားမူပိုကာပြောမိတော့
Royalက ခပ်ပြတ်ပြတ်သာပြန်ပြောလာသည်။
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...